မခွဲခြားနိုင်တော့
တချို့လူတွေမှာ တော်ကြပါတယ်။ ဉာဏ်ရည်ဉာဏ်စ အင်မတန် ထက်မြက်ကြပါတယ်။ ဒါပေမယ့် သူတို့သန္တာန်မှာ ဘုရားရဲ့ တရားတော်က မကိန်းကြတော့ ဒါကိုလုပ်ရင် ကုသိုလ်ပွားမယ်၊ ဒါကိုလုပ်ရင် အကုသိုလ်များမယ်ဆိုတာကို မခွဲခြားနိုင်တော့ အပြစ်တွေ များကုန်တော့တာပေါ့။
ဘုရားရဲ့ ကျေးဇူးတွေ
တချို့နိုင်ငံတွေမှာ သတ်ဖို့ ဖြတ်ဖို့၊ တိုက်ဖို့ ခိုက်ဖို့ လက်နက်တွေ လုပ်ကြ၊ ပြင်ဆင်ကြ၊ တီထွင်ကြ၊ ဣသာမစ္ဆရိယတွေ များကြနဲ့။ အကုသိုလ်တွေ ပွားလှပါတယ်။ ဒါဟာ ဘုရားအဆုံးအမတွေ မရောက်တဲ့ နိုင်ငံ၊ ဘုရားမပွင့်တဲ့ နိုင်ငံတွေပေါ့။ ဘုန်းကြီးတို့တစ်တွေကတော့ တော်ပါသေးရဲ့၊ ဘုရား တရားတော်တွေနဲ့ တွေ့ကြရလို့ ဘုရားပွင့်တဲ့ နိုင်ငံမှာ နေကြရလို့ မျှတတဲ့စိတ်ဓာတ်တွေ ကိန်းရတယ်။ သူတော်ကောင်းတွေ ဖြစ်ကြရတယ်။ ပါရမီတွေ ဖြည့်စွမ်းနိုင်ခွင့် ရကြတယ်။ ဒါ ဘုရားရဲ့ ကျေးဇူးတွေပေါ့။
ကံ ဉာဏ် အသံ
လူချင်းတူပေမယ့် အတွင်းစိတ်ဓာတ်ချင်း မတူတာတွေရှိတယ်။ ဒါကြောင့် အကျိုးပေးပြီဆိုတော့လည်း အတွင်းစိတ်ဓာတ်အရ ကွာခြားသွားကြတော့တာပဲ။ ဒါကို ပြောတာ၊ (ကံ ဉာဏ် အသံ) ကို ပြိုင်လို့ မရဘူးဆိုတာ။ အဲဒါတွေကြောင့် ငါးပါးသီလ၊ ဒုစရိုက် ၁၀ ပါး၊ အာဇီဝ ပါရိသုဒ္ဓိ သီလတို့ကို ထိန်းပေးရပါမယ်။ အိမ်ထောင်မရှိတဲ့ဆိုရင် (ကာမေသုမစ္ဆာစာရ) သိက္ခာပုဒ်အစား (အဗြဟ္မစရိယ) သိက္ခာပုဒ်ကို ထိန်းထားနိုင်ပါတယ်။
Monday, October 11, 2010
လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်
Posted by Ko Nyan Posted Time 1:26 PM
Labels ဘာသာရေး-Religious
Subscribe to:
Post Comments (Atom)
No comments:
Post a Comment