၃-၇-၂၀၀၉ | ရောဂါဆင့်ပွားရှိသူ ကိုယ်ဝန်ဆောင်မိခင်များအား ပိုမို အနီးကပ်ကြီးကြပ်ရန်လို |
၇-၇-၂၀၀၉ | သက်ကြီးရွယ်အိုများ မျက်မမြင်ဘ၀မရောက်ရှိရေး ကာကွယ်နိုင်မည့် လေဆာရောင်ခြည်ဖြင့် ကုသမှု |
၈-၇-၂၀၀၉ | အာဃာတဖြင့် ကလဲ့စားချေလိုမှု ကျန်းမာပျော်ရွှင်မှုကို ထိခိုက်စေနိုင်ဟုဆို |
၉-၇-၂၀၀၉ | ကင်ဆာရောဂါတိုက်ဖျက်မည့် ခရမ်းရောင်ကန်စွန်းဥတီထွင် |
၁၀-၇-၂၀၀၉ | ကင်ဆာရောဂါ ကင်းဝေးရေး ဟင်းသီးဟင်းရွက် ပိုမိုစားသုံးပေး |
၁၁-၇-၂၀၀၉ | ဝေဟင်ခရီးရှည်သွားရမှု သွေးခဲမည့်အန္တရာယ် သုံးဆပိုရှိဟုဆို |
၁၂-၇-၂၀၀၉ | ကော်ဖီသောက်ခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါ ကုသနိုင်ဟုဆို |
၁၃-၇-၂၀၀၉ | ကယ်လိုရီကန့်သတ်ဓာတ်စာ စားသုံးမှု ရောဂါအန္တရာယ် ကင်းဝေးစေနိုင် |
၁၄-၇-၂၀၀၉ | ပြည်သူ့ကျန်းမာရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် အ၀လွန်ခြင်းကို ဆန်းစစ်ခြင်း |
၁၅-၇-၂၀၀၉ | ချောင်းဆိုးစေသည့် ပရိုတင်း သိပ္ပံပညာရှင်တို့ ဖော်ထုတ်နိုင် |
၁၆-၇-၂၀၀၉ | အရက်အလွန်အကျွံသောက်လျှင် ဆီးကျိတ်ကင်ဆာ ပိုမိုဆိုးရွားနိုင် |
၁၇-၇-၂၀၀၉ | ကလေးသူငယ်များ လွန်မင်းစွာငိုကြွေးမှု ကိုယ်ဝန်ဆောင်ချိန်၌ ဖခင်များ၏ စိတ်ခံစားမှုနှင့် ဆက်စပ် |
၁၈-၇-၂၀၀၉ | ကလေးငယ်များ စိတ်ကျန်းမာရေးကောင်းမွန်ရန် ကိုယ်ဝန်ဆောင်စဉ်ကပင် ဂရုစိုက်နေထိုင်သင့် |
၁၉-၇-၂၀၀၉ | စလင်းဘက်အိတ်လွယ်သည့် အမျိုးသမီးများ ဇက်ရိုးကျီးပေါင်းတက်ရောဂါ ရရှိနိုင်ဟုဆို |
၂၀-၇-၂၀၀၉ | ဒေါက်မြင့်ဖိနပ်စီးလေ့ရှိသည့် အမျိုးသမီးများ ခါးရိုးဝေဒနာ ခံစားရနိုင်ဖွယ်ရှိ |
၂၁-၇-၂၀၀၉ | ကိုယ်လက်လှုပ်ရှားပြီး ကာရာအိုကေသီဆိုခြင်းဖြင့် နှလုံးနှင့် သွေးတိုးရောဂါများ ဖြစ်ပွားမှု လျော့ကျနိုင်ဟုဆို |
၂၂-၇-၂၀၀၉ | စိတ်ဖိစီးမှုများပြားသော မိဘနှစ်ပါးမှ မွေးဖွားသည့် ရင်သွေးငယ်များ ရင်ကျပ်ပန်းနာရောဂါ ရရှိနိုင်ဟုဆို |
၂၃-၇-၂၀၀၉ | လေ၀င်လေထွက် မကောင်းသည့် အိမ်များ၌ နေထိုင်သော ရင်သွေးငယ်များ ဦးနှောက်ဉာဏ်ရည်နိမ့်နိုင် |
၂၄-၇-၂၀၀၉ | အလုပ်ပင်ပန်းစွာ လုပ်ကိုင်ခဲ့ရသူများ အယ်လ်ဇိုင်းမားရောဂါ ရရှိနိုင်ဟုဆို |
၂၆-၇-၂၀၀၉ | အ၀လွန်သူများ လူမကြီးကင်ဆာ ဖြစ်ပွားနိုင်ဟုဆို |
၂၇-၇-၂၀၀၉ | ကလေးငယ်များကို ရိုက်နှက်ဆုံးမခဲ့လျှင် ဉာဏ်ရည်ထုံထိုင်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာများ ထိခိုက်နိုင်ဟုဆို |
၂၈-၇-၂၀၀၉ | ဆင်းရဲနွမ်းပါးသူများ ဆီးချိုရောဂါဖြစ်ရန် အလားအလာ ပိုများဟုဆို |
Friday, August 07, 2009
ကျန်းမာရေး အထွေထွေ
ဒီပို့စ်ကိုတင်ဖို့ အတော်လေးကို စဉ်းစားခဲ့ရတာပါ။ ကိုယ်က ဘာရယ်မဟုတ်ဘူး။ အမှတ်ထင်ထင် သတိထားမိနေတဲ့ အကြောင်းအရာလေးကို ကိုယ့်အမြင်အတိုင်း ပြောလိုခြင်းပါ။ ဆရာမောင်ကောင်းထိုက်ရဲ့ ဟာသတွေထဲက ဆရာဝန်ဆိုတဲ့ မော်ဒန်အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း သတိရနေမိလို့ပါ။ အခြားအကြောင်းအရာတော့ မဟုတ်ပါဘူး။ မြန်မာ့အလင်း သတင်းစာမှာ ပုံမှန်ပါနေကျ ကျန်းမာရေးကဏ္ဍအကြောင်းပါ။ နေ့စဉ်မဟုတ်ပေမယ့် အခါအားလျော်စွာ ပါနေတဲ့ ကျန်းမာရေးကဏ္ဍကိုဖတ်ပြီး သီးသန့်ကူးယူးမှတ်ထားတတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဲဒီထဲမှာပါတဲ့ ကျန်းမာရေးအကြောင်းအရာတွေကိုဖတ်ပြီး ကျွန်တော့်မှာ ဘာလုပ်ရမှန်းတောင် မသိဖြစ်ရပါတယ်။ သူငယ်ချင်းပြောသလို ပြောရရင် မင်းအဲဒီထဲက ရေးထားတဲ့ ကျန်းမာရေးအချက်တွေအတိုင်း လိုက်နာနေရင် ရူးသွားလိမ့်မယ်တဲ့။ ကဲ ထားလိုက်ပါတော့။ အနီးစပ်ဆုံး ပြီးခဲ့တဲ့ ဇူလိုင်လက သတင်းစာတွေထဲမှာ ဖော်ပြခဲ့တဲ့ ကျန်းမာရေးကဏ္ဍ ခေါင်းစဉ်လေးတွေကိုပဲ ဖော်ပြပေးလိုက်ပါတယ်။
No comments:
Post a Comment