သို့သော်.... သို့သော်ပေါ့လေ.... အနှီကွန်ပျူတာမှာ ဘာဖြစ်နေတယ်မသိပါဘူး။ အခုချိန်ထိ USB သုံးလို့မရသေးကြောင်းပါ။ Flash Drive တင်မကဘူး။ ကျွန်တော့်ရဲ့ External Drive လေးတောင် တပ်လို့မရတဲ့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေရကြောင်းပါ။
အဲဒီအတွက် အခုလောလောဆယ် ပို့စ်တွေတင်ဖို့ နည်းနည်းခက်ခဲနေကြောင်းပါ။ ညပိုင်းလေးပဲ အချိန်ပေးပြီး စာရိုက်နိုင်တာပါ။ ကျန်တဲ့အချိန်က ကိုယ့်အလုပ်နဲ့ကိုယ် အားတာမဟုတ်ဘူး။ အဲဒါကြောင့် အခုတလော ပို့စ်တွေဖတ်ရတာနည်းနေပါလိမ့်မယ်။ အခြားနည်းလမ်းတစ်ခု ရှာနေကြောင်းပါ။ မနေ့ကတော့ တစ်ညနေလုံး CD-RW လိုက်ရှာတာ ရှာလို့မတွေ့ကြောင်းပါ။ တစ်နေ့ကို စီဒီတစ်ချပ်နှုန်းနဲ့ ရိုက်ပြီးယူဖို့တော့ ကျွန်တော့်မှာ အင်အားမရှိကြောင်းပါ။
သေချာတာကတော့ ဒီနေ့ ကျွန်တော့်ကွန်ပျူတာကို ကျွမ်းကျင်သူပညာရှင်များလက်ကို အပ်လိုက်ပါဦးမယ်။
ကိုဉာဏ်
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်၊ အင်္ဂါနေ့။
နံနက် ၇ နာရီ ၃၇ မိနစ်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်၊ အင်္ဂါနေ့။
နံနက် ၇ နာရီ ၃၇ မိနစ်။
အသစ်ဝယ်လိုက်လေဗျာ
ReplyDelete