တွင် ဆောင်းပါးများ ရေးသားနေသော တပ်မတော် စိတ်ဓါတ်စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှုးရုံးမှ ဦးစီးအရာရှိ တတိယတန်း ဗိုလ်မှုးလှစိုးဆိုသူသည် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာကြောင်း ထိုင်းမြန်မာနယ်စပ်မှ သတင်းရရှိပါသည်။
ဗိုလ်မှူးလှစိုးက လွှတ်တော်ဥက္ကဌများဖြစ်သော သူရရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့၏ အတွင်းရေးများကို ဖော်ထုတ်ရေးသားတော့မည် ဟုပြောဆိုလိုက်ပါသည်။
( Sit Bo Naing )
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်ကြေငြာချက်ထုတ်ပြန်
ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်
ကြေငြာချက်အမှတ် ( ၁/၂၀၁၃)
ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်သည် ယနေ့နေ့စွဲဖြင့် အောက်ပါကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။
မြန်မာပြည်၏ အထင်ကရလွှတ်တော်ကြီးအား အကြည်ညိုပျက်စေသော "ဥပဒေအထက်တွင် လွှတ်တော်ရှိသည်” ဆိုသောစာသားကို ရေးသားသူ ဒေါက်တာဆိတ်ဖွားဆိုသူအား ရှာဖွေနိုင်ရန် အောက်ပါအတိုင်းဆောင်ရွက်ခဲ့ပါသည်။
၁။ ဒေါက်တာဆိတ်ဖွားဆိုသူမှာ ဆြာကြီး မင်းသင်္ခအလိုအရ သုဘရာဇာလုပ်ကာ တာမွေသင်းချိုင်းတွင်နေသည်ဆိုသဖြင့် တာမွေသင်္ချိုင်းသို့သွားရောက်စုံစမ်းခဲ့ပါသည်။ သို့သော်တာမွေထိုသင်္ချိုင်းမှာ ယခုအခါဖျက်သိမ်းပြီးဖြစ်နေပြီဖြစ်ပါသည်။
၂။ ထပ်မံ၍ ဒေါက်တာဆိတ်ဖွားဆိုသူအကြောင်းသိသော ဆားပုလားနှင်းမောင်၊ အိုင်ပီအောင်သင်း ဆိုသူများထံတွင် စုံစမ်းရန်အတွက် ကမ်းနားလမ်းရှိ ရန်ကုန်ပုလိပ်မင်းကြီးရုံး သို့သွားရောက်ခဲ့ပါသည်။ သို့သော် ထိုရုံးကြီးကို ရန်ကုန်တိုင်း တရားရုံးကြီးအဖြစ်အသုံးပြုခဲ့ပြီး ယခုအခါ ခရိုနီ၊ ခရြို့ပာဆိုသူများက ဟော်တယ်လုပ်ရန်စီစဉ်လျှက်ရှိပါသည့်အတွက် ရှေ့နေကွန်ရက်မှ ဆန္ဒထုတ်ဖေါ်မှုများ လုပ်နေသဖြင့် ၄င်းတို့နှင့်တွေ့ခွင့်မရခဲ့ပါ။ တဖန် လက်ဝါးကိုကိုကြီးဆိုသော ပုလိပ်ကြီးကို စုံစမ်းသော်လည်း မြေနီကုန်းကိုကိုကြီး၊ စမ်းချောင်းကိုကိုကြီး၊ ရှစ်ပူးကိုကိုကြီး စသည်ဖြင့် နာမည်တူများ ရှိနေသောကြောင့် အခက်ကြုံလျှက်ရှိပါသည်။ ကျန် ပြာတာ၊ စာရေး၊ စာသင်စသည့် ပုလိပ်အငယ်များမှာလည်း လိုင်းကြေး ထွက်တောင်းနေကြသဖြင့် မတွေ့ခဲ့ရပါ။
၃။ ဒေါက်တာစိတ်ဖွားနှင့်ပက်သက်ဖူးသူဟု သံသယရှိသူ ဘိန်းစားဘွန်ဟောမှာလည်း နယ်စပ်ဒေသတစ်နေရာတွင် ဘိန်းချက်စက်ရုံကြီးများဆောက်လုပ်ကာ ဘိန်းစားလွှတ်မြောက်ရေးတပ်မတော် ကိုတည်ထောင်လျှက် ဘိန်းစားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တိုက်ပွဲဝင်နေသောကြောင့်လတ်တလောတွင် တွေ့ဆုံရန်မဖြစ်နိုင်သေးပါ။
၎။ ထို့ကြောင့် လေချွန်နတ်မှတဆင့် တာမွေသင်္ချိုင်းမှ ပြောင်းရွှေ့သွားခဲ့သော သူရဲ ၊ တစေများအားဆင့်ခေါ်ကာ ဒေါက်တာစိတ်ဖွားနှင့်ပက်သက်၍ သတင်းများ မိမိတို့ကော်မရှင်သို့ ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။ သို့ရာတွင် အဆိုပါ သူရဲ၊ တစေ များသည် မိမိတို့ပြည်ထောင်စုအဆင့် ကောက်မရှင်မှခေါ်ယူပါလျှက် ပြည်ထောင်စုအဆင့် သူရဲ၊ တစေများကိုယ်တိုင် လာရောက်ဖြေကြားချင်းမရှိပဲ သာမာန် သူရဲ၊ တစေများကိုသာ စေလွှတ်၍ မယေယာသော အဖြေများသာ ဖြေကြားခဲ့ပါသည်။
၅။ ယခုအခါကော်မရှင်သည် ဒေါက်တာဆိတ်ဖွားဆိုသည့် အမည်ပညတ်နှင့်လိုက်ဖက်သည့် မုတ်ဆိတ်ဖွားဖွားရှိသည့် နို့ညှစ်ကုလား၊ ဆိတ်မွေးကုလား၊ တိုရှည်ကုလား၊ ဘယာကျော်ကုလား စသည့် ကုလားမျိုးမျိုးတို့ကို လွှတ်တော်အတွင်း ခေါ်ယူ၍ ဒေါက်တာဆိတ်ဖွားဟုတ်မဟုတ် စိစစ်ရန်စီစဉ်လျှက်ရှိပါသည်။ သို့ရာတွင် အဆိုပါကုလားများသည် သာမာန်ကုလားများ ဖြစ်ကြပေရာ ၄င်းတို့သည် ဤလွှတ်တော်ကြီးအတွင်းသို့ ဝင်ထွက်ပေလျှင် လွှတ်တော်၏ အသရေကို ထိခိုက်နိုင်ပေသည်။ ထို့ကြောင် အဆိုပါကုလားများအား လွှတ်တော်အတွင်း ဝင်ထွက်နေချိန်များတွင် ပြည်ထောင်စုအဆင့် ကုလားများအဖြစ် ယာယီသတ်မှတ်ပေးပါရန် ဤလွှတ်တော်ကြီးသို့ ပန်ကြားအပ်ပါသည်။
၆။ ကော်မရှင်သည် ဒေါက်တာဆိတ်ဖွားမည်သူမည်ဝါဖြစ်သည်ဆိုသည်ကို စုံစမ်းဖေါ်ထုတ်ရန် ဆောင်ရွက်လျှက်ရှိပါသည်။ လုပ်ငန်း၏ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း အချိန်နှင့် တစ်ပြေးညီ အစီရင်ခံသွားမည်ဖြစ်ပါသည်။
ဒေါက်တာဆိတ်ဖွားစုံစမ်းဖေါ်ထုတ်ရေးကော်မရှင် (ပြည်ထောင်စုအဆင့်)
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ရောက်သွားပြီ – Mr. Goat on the line of duty
တစ်နေ့သ၌ ဒုက္ခသီရိမြို့နယ်ရှိ လွှတ်တော်အဆောက်အအုံကြီးသည် ယခင့်ယခင်နေ့များနှင့်မတူဘဲ ထူးခြားသော ဆွေးနွေးချက်များဖြင့် ပွက်လောရိုက်လျက်ရှိ၏။
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အမည်ခံထားသူကို အင်းစိန်ထောင်သို့ ပို့ရေး မပို့ရေးကို ငြင်းခုံနေသောကြောင့် ဖြစ်လေ၏။
အများစုသော ကိုယ်စားလှယ်များနည်းတူ လွှတ်တော်တွင် ငိုက်မျဉ်းလေ့ရှိသည့် သတင်းထောက်ကြီး ရန်လိုကျွဲလည်း အတွေ့အကြုံများအရ ဤဆွေးနွေးချက်သည် အင်မတန့်အင်မတန် အရေးပါကြောင်း သဘောပေါက်လေ၏။
ရန်လိုကျွဲ မှန်ပေသည်။ ဒေါက်တာဆိတ်ဖွားကို အသေရရ အရှင်ရရ ဖမ်းဆီးပြီး ပုဒ်မမျိုးစုံဖြင့် အမှုဆင်ရေးအဆိုကို မဲခွဲကြရသည်အထိ ငြင်းခုံချက်က ပြင်းထန်သည်ကို တွေ့ရ၏။
မည်သူမည်ဝါမှန်းမသိရသူ၊ မည်သည့်ဒေသတွင် နေထိုင်မှန်း မသိရသူကို မည်သို့ စုံစမ်း အရေးယူမည်နည်း ဟု ယူဆသော အမတ်မင်းတစ်ချို့က ပြန်လည် ငိုက်မျဉ်းစ ပြုလာကြ၏။
မည်သို့ပင် ဆိုစေကာမူ လွှတ်တော်ကြီးကား စိုစိုပြေပြေ ရှိလာလေသည်။ အမတ်မင်းတချို့က ပြုံးစိစိ။ တချို့က ငုံးတိတိမုတ်ဆိတ်ကျင်စွယ်ကို ပွတ်သပ်ပြီး ဒေါသကို ထိန်းချုပ်ထားကြသည်၊ ငါတို့လွှတ်တော်ကို မထိနဲ့ မီးပွင့်သွားမယ်ဟု ကြိမ်းဝါးသူလည်း ရှိပေ၏။
ဗိုလ်ချုပ်လေးခင်ညွန့်တို့ ကွန်ရက်ကို တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည့်အ၀ ပြန်လည်ပေးအပ်ပြီး ဒေါက်တာဆိတ်ဖွား အမြန်ဆုံး ဖမ်းမိရေးဆောင်ရွက်ရန် အဆိုပြုသင့်ကြောင်း တိုင်ပင်သူတို့က တိုင်ပင်ကြ၏။
ရန်လိုကျွဲလည်း လွှတ်တော်တွင်း နိုင်ငံ့အရေး အထူးကြိုးပမ်းချက်များအကြောင်း အွန်လိုင်းမှ တဆင့် ချက်ချင်းပင် လက်တို့လိုက်ရာ အွန်လိုင်းမိတ်ဆွေတို့က ချက်ချင်းပင် တုံ့ပြန်လေသည်။
ပထမဆုံး ရောက်လာသည့် တုံ့ပြန်ချက်မှာ ထိုင်းနိုင်ငံရောက် ခန့်ခန့်ငြားငြားရှိသော မြန်မာသတင်းသမား တစ်ဦးထံမှ ဖြစ်လေ၏။ သူရရှိသော သတင်းသည်ကား ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ထွက်ပြေးပြီ ဟူသော သတင်းဦးပင် ဖြစ်တော့၏။
လွှတ်တော်အမတ်တို့ ၀ိုင်းဝန်း အရေးယူရန် ကြုံးဝါးနေသဖြင့် အကောင်းဆုံးလုပ်ဆောင်သင့်သည့်အရာမှာ ထိုသို့ ထွက်ပြေးခြင်းပင် မဟုတ်လော။ ဒေါက်တာဆိတ်ဖွားကား နှယ်နှယ်ရရ မဟုတ်ချေ။
သတင်းအချက်အလက်မှာ ခိုင်လုံ၏။ ဒေါက်တာဆိတ်ဖွား ထိုင်းမြန်မာနယ်စပ် ရောက်လာသောကြောင့် ဆိုင်ကယ်ဖြင့် သွားကြိုခဲ့ကြောင်း၊ လေယာဉ်ကွင်းသို့ ပို့လိုက်ရကြောင်း၊ မယုံလျင် ဓာတ်ပုံကိုကြည့်ပါ ဟု ဆိုလာ၏။ ထိုဓာတ်ပုံကို ယခုစာစု၏ ထိပ်ဆုံးတွင် တွေ့နိုင်၏။
အမေရိကန်ရောက် ညီလေး မောင်ရစ်ထံမှလည်း ဒေါက်တာဆိတ်ဖွားသတင်းကို ဓာတ်ပုံနှင့်တကွ အမြန်ဆုံး ပို့မည်ဟု ဆိုသော မက်ဆိတ်ခ်ျ ရောက်လာ၏။
မောင်ရစ်မှာ အမည်နှင့်လိုက်အောင် ရစ်တတ်သော်လည်း ကတိတည်သူဖြစ်လေရာ ဒေါက်တာဆိတ်ဖွား၏ အပ်ဒိတ်သတင်း ဓာတ်ပုံနှင့်တကွ ရောက်လာသည်။ မောင်ရစ်၏ ဓာတ်ပုံရိုက်ကျွမ်းကျင်မှု အားနည်းခြင်းကို သူပို့လာသော ပုံတွင် အထင်းသား တွေ့ရသည်။ ဒေါက်တာဆိတ်ဖွား၏ မျက်နှာကို ရိုက်ယူနိုင်ခြင်း မရှိချေ။ သို့သော်ငြား – လူမည်းရပ်ကွက်အတွင်း ဒေါက်တာဆိတ်ဖွား ရောက်သွားကြောင်း၊ ရုပ်ပြောင်းရုပ်လွဲ လုပ်ထားကြောင်း စသဖြင့် သူ၏ ဂျီတော့ မက်ဆေ့ခ်ျတွင် အတွင်းကျကျ ရေးထား၏။
မောင်ရစ်၏ သတင်းပို့ချက်ကို အတည်ယူရန် ခက်ခဲကြောင်း တွေးနေစဉ်မှာပင် ဒေါက်တာဆိတ်ဖွားက ဖေ့စ်ဘုတ်တွင် ဘွားခနဲ ထွက်ပေါ်လာသည်။ သူ ရုပ်ပြောင်းရုပ်လွဲ တစ်နာရီတစ်မျိုး လုပ်နေကြောင်း၊ လွှတ်တော်အမတ်များ သူ့ခြေရာကိုတွေ့ဖို့ ဆယ်နှစ်၊ ဆယ်နှစ် ကြိုးစားဖို့ လိုမည်ဖြစ်ကြောင်း ခပ်ကြွားကြွား ရေးထားရုံတင်မက ရုပ်ပြောင်းထားသည့် ဓာတ်ပုံကိုပင် တင်လိုက်သေး၏။
သို့သော်လည်း သူ၏ လုံခြုံရေးအတွက် သေနတ် ၂ လက်ကို သူကျက်စားသည့် လူမည်းရပ်ကွက် မှောင်ခိုဈေးမှ ၀ယ်ထားသည်ဟု ဆို၏။ သေနတ် တကားကားဖြင့် ကိုယ့်ကိုယ်ကိုယ် လုံခြုံရေးယူနေသည့် ပုံတစ်ပုံကိုလည်း ဖေ့ဘုတ်တွင် တင်လိုက်သေး၏။
ဒေါက်တာဆိတ်ဖွားကား အမတ်မင်းများရန်မှ အမှန်တကယ်ပင် လွတ်မြောက်သွားချေပြီဟု ထင်စရာ ရှိသည်။ သို့သော် ….

အမေရိကန်ရဲတစ်ကောင်က သေနတ်တကားကား ဒေါက်တာဆိတ်ဖွားကို ထိန်းသိမ်းလိုက်လေသည်။ အမှုကား … လိုင်စင်မရှိဘဲ သေနတ် ကိုင်သောအမှု ဟူ၏။
အဆိုပါ ပုလိပ်က ဒေါက်တာဆိတ်ဖွားကို ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းမှာ နိုင်ငံတကာ ရုပ်သံတို့က ထုတ်လွှင့်ကြသော ထိပ်တန်းသတင်းကြီး ဖြစ်၏။
ဒုက္ခသီရိမြို့ရောက် အမတ်မင်းတချို့လည်း ထိုအခါတွင်မှ လက်ခမောင်း ခတ်လေသည်။
အမေရိကန်နဲ့ ငါတို့ ဘယ်လို အချိတ်အဆက်ရှိလဲ မသိဘဲ အဲဒီကို ထွက်ပြေးတာ ဆိတ်ဖွားအမှားပဲ။ အိုဘားမားကိုယ်တိုင်တောင် ဒီကိုလာပြီး မိတ်ဖွဲ့ရတဲ့အထိ နှစ်နိုင်ငံဆက်ဆံရေးအခင်းအကျင်း သိပ်ကောင်းနေပြီ။ ဒေါက်တာဆိတ်ဖွားကို မြန်မာပြည်ပြန်ပို့မှာ အသေအချာပဲ။ ဒီကောင်ရောက်လာရင် အရေခွံခွာပစ်မယ်။ အသားကို စင်းကောချက်ပြီး သောကြာည ပါတီပေးတဲ့အခါ အရက်နဲ့မြည်းမယ်၊ အရေခွံကိုတော့ လွှတ်တော်လှေကားမှာ ခင်းရမယ်ဟု ကြုံးဝါးသူက ကြုံးဝါး၏။
သို့သော်လည်း အမေရိကန်အစိုးရက ဒေါက်တာဆိတ်ဖွားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရသည်။
သူ့လွတ်မြောက်ရေးကို ဘလော်ဂါများ၊ ဖေ့ဘုတ်သုံးသူများမှအစ ခြံစည်းရိုးမရှိ သတင်းစာဆရာများ အဖွဲ့အထိ တောင်းဆိုကြသဖြင့် အိုဘားမားတို့က လွှတ်ပေးရခြင်းဖြစ်၏။
ထို့ပြင်တ၀ အမေရိကန်အစိုးရက အရှည်ကို မျှော်တွေးပြီး ဒေါက်တာဆိတ်ဖွားကို စီအိုင်အေ အထူးအရာရှိအဖြစ် ခန့်အပ်လိုက်သေးသည်။ အထက်ပါပုံမှာ စီအိုင်အေအရာရှိ သင်တန်းဆင်းပွဲမှဓာတ်ပုံ ဖြစ်ကြောင်း သိရ၏။
ဒေါက်တာဆိတ်ဖွား ကိုယ်တိုင်သည်ကား ရန်ကုန်မြို့ အင်းလျားကန်ဘေးရှိ အမေရိကန်သံရုံးတွင် ရုံးထိုင်ရမည်လော၊ သို့တည်းမဟုတ် သူ၏ မိခင်အဖွဲ့အစည်းတွင်ပင် ဆက်လက် တာဝန်ယူပြီး ဆောင်းပါးများ ဆက်လက် ရေးသားရမည်လော ဆိုသည်များကို ဝေခွဲမရ ဖြစ်နေလေတော့သတည်း။
မိုးမခမှ
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ကဲကဲ ဒေါက်တာဆိတ်ဖွားကို အသရေဖျက်မှုနဲ့ တရားစွဲမှာတော့ ဟုတ်ပါပီ..... ဘယ်သူက တရားလိုလည်း....... ရာဇ၀တ်မှု မဟုတ်ပဲ တရားမမှုဆိုတော့ ဟိုဘက်က တရားခံမဟုတ်ပဲ တရားပြိုင်ပေါ့ဗျာ......
ဒါနဲ့ နိုင်ရင် ဘာလုပ်မှာလည်းဗျ...... ဟို လေးခြောက်မြောက် မြောတိုင်လို တောင်းပန်ခိုင်းမလို့လား....... ဒါလောက်နဲ့တော့ အရေးကြီး အဆိုလို့ မတင်လောက်ဘူး....... နောက်ကွယ်က ရည်ရွယ်ချက်က ဒိထက် ကြီးမယ်ထင်တယ်....
ဒေါက်တာ ဆိတ်ဖွားကိုရှာဖို့ ဘယ်လိုလုပ်မလဲ စိတ်ဝင်စားမိတယ်...... ရာဇ၀တ်မှု မဟုတ်ပဲ တရားမမှု ဖြစ်တဲ့အတွက် မြန်မာ့ဆက်သွယ်ရေးကို အတင်းအကြပ် အာဏာနဲ့ ဖိအားပေးလို့ မရဘူးဗျ........ ဖိအားပေးလာခဲ့ရင်၊ ရဲအရေးမပိုင်ပဲ လွှတ်တော်အမတ်ကွ ဆိုတဲ့ ဗီတိုသုံးလာရင် ဘယ်လိုရှင်းကြမလဲ......။
ကဲ မပြောကောင်း မဆိုကောင်း ဒေါက်တာ ဆိတ်ဖွားက နိုင်သွားပါပီတဲ့ သူပြောတာတွေ မှန်သွားပါပီတဲ့ လွှတ်တော်က သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ နှုတ်ထွက်ကြမလား........ ဟင်္သာကိုးသောင်း ဇတ်ကတော့ ကြည့်လှပီ.... ဒါကြောင့် မြန်မာပြည် မတိုးတက်တာလည်း ထူးပီး ပြောစရာတော့ မရှိလှဘူး.......။
တတ်သလောက် မှတ်သလောက် သဘောပေါက်တာတော့ လွှတ်တော်ဆိုတာ ဥပဒေပြုရေး မဏ္ဍိုင်ပဲ.... သမ္မတနဲ့ အစိုးရဆိုတာ လက်ရှိ အာဏာရှိသူ တနည်းအားဖြင့် ဥပဒေ ဖော်ဆောင်သူတွေပဲ...... အခုက ဥပဒေ ဖော်ဆောင်သူတွေကို ဥပဒေပြုသူတွေက တိုက်ထုတ်နေသလို၊ ခြေထိုးခံနေသလို ဖြစ်နေတာ တော်တော်လေးကို လွဲမှားနေတဲ့ ပုံစံပဲ......
ကမ္ဘာမှာ အဆင်းရဲဆုံး၊ ချစားမှု အများဆုံး မြန်မာနိုင်ငံက အွန်လိုင်းက ပို့စ်တစ်ခုအတွက် လွှတ်တော်မှာ အရေးကြီး အဆိုတင်တဲ့ အမတ်ရဲ့ အသိဥာဏ်ကိုလည်းပဲ အတော်လေး ချီးကျူးမိတယ်......... အဲ့ဒါကိုပဲ အဟုတ်ကြီးမှတ်ပီး အားပေးအားမြှောက်နဲ့ မဲခွဲဆုံးဖြတ်ဖို့ လုပ်စေတဲ့ ဥက္ကဋ္ဌရဲ့ အမျှော်အမြှင် ကြီးမှုကိုလည်း ဂုဏ်ယူမိပါတယ်......
(James Mint)
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ဒေါက်တာဆိတ်ဖွားဆိုတာ...
Eleven နဲ့ ဒေါက်တာသန်းထွဋ်အောင်ကို မုန်းတဲ့သူ
The Voice ကို မုန်းတဲ့သူ
KIA ကို မနှစ်မြို့သူ
မြန်မာနိုင်ငံရဲ့ အလံအသစ်ကို ထောက်ခံတဲ့သူ
အတိုက်အခံဆိုတာ အစိုးရကို အရည်အချင်းတက်စေတဲ့ မောင်းနှင်အားလို့ ယူဆတဲ့သူ
မြန်မာ့နိုင်ငံရဲ့ လွှတ်တော်ဟာ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေတယ်လို့ ထင်တဲ့သူ
ဇာဂနာက ဘာသာပြောင်းတော့မယ်ဆိုပြီး ကောလဟလာ လွှင့်တဲ့သူ
ဒေါ်အောင်ဆန်းစုကြည်က Burma လို့ ခေါ်တာကို ဆဲသလိုနာတတ်သူ
မြစ်ဆုံအရေး ကန့်ကွက်သူများသည် ငတုံးများဟု ပြောသူ
နိုင်ငံဝန်ထမ်းကို အတင်းမပြောနဲ့.. နိုင်ငံဝန်ထမ်း လုပ်ကြည့်ပါဆိုပြီး ပြောတဲ့သူ
သမ္မတရုံးက ကြေငြာချက်တွေကို အမြဲတစေ ပြန်လည်ဖော်ပြတဲ့သူ
Win Win ဖြေရှင်းနည်းကို အားတက်သရော ထောက်ခံတဲ့သူ
ရှရှားရဲ့ နုးကလီးယားစီမံကိန်း ကောင်းကြောင်းတွေ ရေးတဲ့သူ
အမေရိကန်က ဒုံးကျည်စမ်းသပ်မှုလေး မအောင်မြင်တာကို သတင်းလုပ်ပြီး ရေးတဲ့သူ
နယ်ခြားစောင့်တပ် ဖွဲ့စည်းတာကို ထောက်ခံတဲ့သူ
သမ္မတက ဘယ်အချိန် မိန့်ခွန်းပြောမယ်ဆိုတာကို ကြိုတင်မောင်းထုပြီး ကြေငြာတဲ့သူ
လူထုစိန်ဝင်း ဆောင်းပါးတွေကို အတော်လေး ကြိုက်တဲ့သူ
..........................
...............................................
(၀န်ခံချက်။ ဒေါက်တာဆိတ်ဖွားဘလော့ဂ်သို့ ၀င်ရောက်ပြီးနောက် သူ၏ပို့စ်များကို ဖတ်ပြီး ဝေဖန်သုံးသပ်ကြည့်ခြင်း ဖြစ်ပါသည်)
Zaw Thurein Tun အင်တာနတ် စာမျက်နှာမှကူးယူဖော်ပြသည်။
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ဒေါက်တာ စိုးရင်ဟာ လွှတ်တော်ဆိုင်ရာ အခွင့်အရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အများစုကတော့ ဒီအဆိုကို ထောက်ခံကြပါတယ်။
စစ်တပ် ကိုယ်စားလှယ် အများစုကတော့ သမ္မတရဲ့ သဘောထားမှတ်ချက်ကို ထောက်ခံထားတဲ့သူတွေဖြစ်လို့ ဆိတ်ဖွားကိစ္စကို မထောက်ခံကြပါဘူး။
လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကလည်း ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာသိထားတွေ ရှိကောင်းရှိနိုင်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ကော်မရှင်အနေနဲ့လည်း စုံစမ်းဖော်ပြီးရင်တောင် လူသိရှင်ကြား ထုတ်ဖော်ကြေညာမှာ မဟုတ်ဘဲ နောင်ဆက်လက် မလုပ်ဆောင်ဖို့ သတိပေးရုံပဲ လုပ်ဆောင်မယ်လို့ ထင်မြင်ကြောင်း ရှင်းပြပါတယ်။
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ဒေါက်တာ ဆိတ်ဖွားအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့
(ဧရာဝတီ သတင်းဌာန)
လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ “ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်နဲ့ အွန်လိုင်း ဘလော့ဂ်စာမျက်နှာတခုမှာ ရေးသားသူ ကလောင်အမည် ဒေါက်တာ ဆိတ်ဖွား ဆိုသူကို စုံစမ်းဖော် ထုတ်ဖို့ ကော်မရှင်တရပ် မကြာမီ ဖွဲ့စည်းပါတော့မယ်။
ဒေါက်တာ ဆိတ်ဖွား ရေးထားတဲ့ အထဲမှာ သမ္မတ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား တင်းမာမှုဖြစ်ခဲ့ရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။ ခုံရုံးကိစ္စ လွှတ်တော်က အတည်ပြုထားတာကို ပြန်လည်သုံးသပ်ဖို့ သမ္မတက သ၀ဏ်လွှာ ပေးပို့ခဲ့ပေမယ့် လွှတ်တော်က ပယ်ချပြီး ယခင်အတိုင်းပဲ ပြန်လည် အတည်ပြုလိုက်တဲ့ အပေါ်မှာ ဒေါက်တာ ဆိတ်ဖွားဆိုသူက ဝေဖန်ထားတာပါ။
သမ္မတရဲ့ သဘောထား မှတ်ချက်ကို ပယ်ချလိုက်တာဟာ လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလေးစားတာ ဖြစ်တယ်။ “အခြေခံဥပဒေက မည်သို့ပင်ဆိုစေကာမူ လွှတ်တော်ဥက္ကဋ္ဌများနှင့် အပေါင်းပါများက လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်” လို့ ဒေါက်တာ ဆိတ်ဖွားက ရေးထားပါတယ်။
“လွှတ်တော်ဥက္ကဋ္ဌများနဲ့ အပေါင်းပါများ ဆိုတဲ့စကားက လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေကို စော်ကားရာရောက်ပါတယ်၊ ဒီမိုကရေစီ နည်းလမ်းအရဆိုပြီး ဒီလိုစည်းမဲ့ကမ်းမဲ့ ရေးချင်တိုင်းရေးတာကို မပြောလိုပေမယ့် လွှတ်တော်ကို ပြည်သူတွေက တမျိုးမြင်မှာစိုးလို့ အခုလိုလုပ်ရတာပါ” လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။
အဆိုတင်သွင်းသူ လွှတ်တော်အမတ် ဒေါက်တာ စိုးရင်က အရေးကြီးအဆို တင်သွင်းရာမှာတော့ “ဒေါက်တာ ဆိတ်ဖွားရဲ့ ဝေဖန်ရေးသားချက်ဟာ မိမိတို့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်များနှင့် လွှတ်တော် ကိုယ်စားလှယ်တွေကို စော်ကားထားတာ ဖြစ်တယ်၊ အဲဒီ စော်ကား ရေးသားချက်ကို ကိုယ်စားလှယ်များက မခံမရပ်နိုင် ဖြစ်နေကြတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူပေးရန် တောင်းဆိုလာကြောင်း၊ ဒါကြောင့် အရေးယူနိုင်ဖို့ စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ဖို့ ပြည်ထောင်စုလွှတ်တော်၌ အရေးကြီး အဆိုတင်ပါကြောင်း” ဖြင့် အဆိုတင်သွင်းပါတယ်။
ဒေါက်တာ စိုးရင်ဟာ လွှတ်တော်ဆိုင်ရာ အခွင့်အရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် အများစုကတော့ ဒီအဆိုကို ထောက်ခံကြပါတယ်။ စစ်တပ် ကိုယ်စားလှယ် အများစုကတော့ သမ္မတရဲ့ သဘောထား မှတ်ချက်ကို ထောက်ခံထားတဲ့သူတွေ ဖြစ်လို့ ဆိတ်ဖွား ကိစ္စကို မထောက်ခံကြပါဘူး။
အဲဒီအဆိုကို ထောက်ခံမဲ ၃၇၄ မဲ၊ ကန့်ကွက်မဲ ၁၅၄ မဲ၊ ကြားနေ ၄၂ မဲနဲ့ အဆိုက အောင်မြင်သွားပြီး ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေးကော်မရှင် တရပ်ဖွဲ့ဖို့ လွှတ်တော် နာယကက အတည်ပြုပေးလိုက်ကြောင်းနဲ့ မကြာခင်ဖွဲ့စည်း စုံစမ်းဖော်ထုတ်တော့မယ်လို့ ကိုယ်စားလှယ်တွေက ဧရာဝတီကို ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကချင်ဒေသက စစ်ပွဲအခြအနေတွေနဲ့ တခြား အရေးကြီးတဲ့ ကိစ္စတွေကို မဆွေးနွေးကြဘဲ ဘယ်သူ ဘယ်ဝါမှန်း မသိတဲ့ သူတယောက်က အင်တာနက်ပေါ်မှာ မိမိထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားတာကို လွှတ်တော်မှာ အရေးကြီး အဆိုတင်တဲ့ ကိစ္စအပေါ်မှာလည်း ဝေဖန်မှုအမျိုးမျိုး ထွက်နေတယ်။
ကိုယ်စားလှယ်တွေ အပြောအရတော့ ဆိတ်ဖွားရဲ့လုပ်ဆောင်ချက်ဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်မှု တခုသာဖြစ်ပြီး ၎င်းဘယ်သူဆိုတာ ခန့်မှန်းသိထားတဲ့အတွက် အခုလို အဆိုတင်တာလို့ ပြောကြပါတယ်။
“ခုံရုံးကိစ္စတွေ ပြောဆိုကတည်းက ဆိတ်ဖွား ဘယ်သူဆိုတာ သိတဲ့သူတွေရှိမှာပါ၊ ဒီကိစ္စတခုတည်း မဟုတ်ပါဘူး။ အရင်ကလည်းပဲ လွှတ်တော်ကို ဝေဖန်ပုတ်ခတ် ပြောဆို ရေးသားထားတာတွေ ရှိလို့ အဆိုတရပ်တင်ဖို့ ဖြစ်လာရတာပါ” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကလည်း ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ သိထားတွေ ရှိကောင်းရှိနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကော်မရှင်အနေနဲ့လည်း စုံစမ်းဖော်ပြီးရင်တောင် လူသိရှင်ကြား ထုတ်ဖော်ကြေညာမှာ မဟုတ်ဘဲ နောင်ဆက်လက် မလုပ်ဆောင်ဖို့ သတိပေးရုံပဲ လုပ်ဆောင်မယ်လို့ ထင်မြင်ကြောင်း ရှင်းပြပါတယ်။
“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဆိုတာကို ဖော်ထုတ်မိရင်တောင်မှ သိုသိုသိပ်သိပ်နဲ့ပဲ ဒီကိစ္စက ပြီးသွားမှာပါ” လို့ ဦးကြည်မြင့်က ဆိုတယ်။
အင်တာနက်ပေါ်မှာ မိမိတို့ ထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားနေတဲ့ ဘယ်သူ၊ ဘယ်ဝါမှန်း မသိတဲ့သူကို ဒီလောက်အထိ အကဲဆတ်နေတာဟာ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက လွှတ်တော်အပေါ် ပြင်းထန်တဲ့ ဝေဖန်ရေးသားမှုမျိုးတွေ မလုပ်ရဲအောင် ကြိုတင်ဟန့်တား လိုတာကြောင့်လို့ တချို့က ယူဆကြပါတယ်။ အလားတူ ဒေါက်တာ ဆိတ်ဖွားလိုမျိုး ရေးသားဝေဖန်နေတဲ့ ပြည်တွင်းက မီဒီယာတချို့ကိုပါ တဖက်လှည့်နဲ့ သတိပေးချင်တဲ့ အတွက်လို့ ယူဆကြပါတယ်။
ရန်ကုန်မီဒီယာဂရုပ်ရဲ့ အကြီးအကဲဖြစ်သူ ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်) ကတော့ ဒေါက်တာ ဆိတ်ဖွားကိစ္စကို လွှတ်တော်မှာ ရုတ်တရက် အရေးကြီး အဆိုတင်တာဟာ အကဲဆတ်တဲ့ တုံ့ပြန်မှုလို့ မှတ်ချက်ပြုပါတယ်။ ဒါပေမယ့် မီဒီယာတချို့က လွှတ်တော်အပေါ်မှာ ဝေဖန်ထောက်ပြ ရေးသားမှုတွေ လျော့ကျသွားနိုင်သလို အများစုကတော့ လျော့ကျသွားမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“အစိုးရကိုလည်း ဝေဖန် ရေးသားနေကြတာပဲလေ။ ပြောရမယ်ဆိုရင် အစိုးရက လွှတ်တော်ထက် ဝေဖန်မှု ခံနိုင်ရည်ရှိတယ် ပြောရမှာပဲ။ လွှတ်တော်ဟာ အရင်ကလည်းပဲ တုံ့ပြန်မှုတချို့ ရှိခဲ့ပါတယ်” လို့ ဦးကိုကိုက ဆိုပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးကတော့ လွှတ်တော်အနေနဲ့ ဥပဒေကို ကျော်ပြီးလုပ်တာ ဘာမှ မရှိဘူး၊ ဖွဲ့စည်းပုံအတိုင်း လုပ်နေတာချည်းပဲ။ ပြည်သူတွေက ယုံကြည်လို့ ရွေးချယ်ထားတဲ့အတွက် ပြည်သူ့ ဆန္ဒအတိုင်း လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။
“ကျနော်တို့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ၆၀၀ ကျော်ရှိတယ်။ ဒီလူ ၆၀၀ ကျော်ရဲ့ဆုံးဖြတ်ချက်ဟာ ဘယ်တော့မှ မမှားနိုင်ဘူးလို့ ကျနော်ထင်တယ်” လို့ ဦးဝင်းဦးက ဆိုပါတယ်။
ဒေါက်တာ ဆိတ်ဖွားကတော့ လွှတ်တော်ဟာ ခုံရုံးကိစ္စအပြင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သဘောထား မှတ်ချက်ကိုလည်း ပယ်ချကာ လွှတ်တော်တွင်းမဲခွဲ၊ မိမိတို့သဘောနဲ့ အတည်ပြုတဲ့ ကိစ္စဟာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့ ဝေဖန်ထားပါတယ်။
http://burma.irrawaddy.org/archives/31313#.UPkZwnIVnkI.facebook
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
လွတ်တော်ထဲမှာ ဒေါက်တာအဆင့်တွေ တခြားအရေးတကြီးလုပ်စရာတွေ စီမံချက်တွေ အများကြီး လုပ်စရာရှိတယ်ဗျာ။ အွန်လိုင်းက ကိစ္စ တွေသာလိုက်ပြီး ပုံကြီးချဲ့ လုပ်နေမယ်ဆိုရင် ရှေ့ကို ရောက်မှာကိုမဟုတ်ဖူး ........။
မီဒီယာ ဆိုတဲ့ အဖွဲ့ စည်းတွေတောင် ဝေဖန်မှု ဆိုတာကို ဘယ်လိုလုပ်လဲ အွန်လိုင်းမှာ သတင်းတိကျ မှန်ကန်မှု သေချာပေးနိုင်လို့လား။ အမြဲတမ်း ပြသနာအရပ်ရပ်ကို လိုက်ကြည့်နေရင် ဘယ်လိုလုပ်မလဲ စကားရိုင်းတယ်လို့တော့မထင်နဲ့ လမ်းမှာဟောင်တဲ့ ခွေးတိုင်းသာ ထကြည့်ကြည့်နေရင် ပန်းတိုင်ရောက်ဦးမှာလား ?
ဒီအွန်လိုင်းကိစ္စက ဘယ်လောက်များ တိုင်းပြည်အတွက် အရေးကြီးလဲ။ ပြောချင်တာက နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အွန်လိုင်းမှာ လုပ်နေတဲ့ ပေါက်တတ်ကရတွေ အများကြီး ဝေဖန်မှုတွေ အများကြီးပါ ဒါတွေလိုက်ပြီး ကိုယ့်နိုင်ငံက တမူထူး စုံစမ်းစစ်ဆေးဖေါ်ထုတ် အရေးယူ ဒါကြီးအတွက် ကော်မရှင်ဖွဲ့  လွှတ်တော်ကနေ စီမံချက်တွေချ အလုပ်လုပ်ကြရမယ့် လူတွေကို တခြားအကျိုးရှိတဲ့ Planတွေကို သုံးမှာပေါ့ ......။
အွန်လိုင်းပေါ်မှာ ဘယ်လို ဝေဖန်သုံးသပ်ပါစေ…။ လူတိုင်းမှာ ကိုယ်ပိုင်ဦးနှောက် ဆုံးဖြတ်ချက် ရှိပြီးသား။ ဒီလူရဲ့ ပြောချင်တဲ့အရာက တိုင်းပြည်ကောင်းဖို့လား၊ ဆိုးဖို့လား။ လူတစ်ဦး တစ်ယောက်ကို နှိမ်ချင်တာလား။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ကို ထိခိုက်အောင် လုပ်နေတာလား။ ကိုယ်စီ အသိဥာဏ် ရှိနေတာပဲ။ နောက်ဆုံး ချမှတ်ထားတဲ့ အီလက်ထရောနစ် ပုဒ်မတွေ ရှိနေတာပဲ ....။
ရေးနေသားနေတာ အွန်လိုင်းမှာ သူရေးချင်တာ ဖြစ်ချင်တာ သူ့ အတ္တနဲ့ သူ့ စိတ်နဲ့ လုပ်ချင်တာလုပ်နေတာ လူတိုင်းတခါတလေ ဝေဖန်ခဲ့ကြဖူးကြတာကြီးပဲ အဲ့လိုလိုက်ပြီး စုံစမ်းဟဲ့ စစ်ဟဲ့မြန်းဟဲ့နဲ့ ကျွန်တော်ကတော့ လွှတ်တော်ထဲကလူတွေ အရည်ချင်းနဲ့ မတန်ဖူးလို့ ထင်တာဘဲ ဒီထက်တန်ဖိုးရှိတဲ့ အထင်တွေ အမြင်တွေ ပိုပြီး သုံးသပ်စေချင်တဲ့ စေတနာပါ။
စုံစမ်းစစ်ဆေးလို့ လဲ အင်တာနက်ပါ ဝေဖန်ချက်တွေက လူတွေ အင်တာနက်သုံးနေကြတိုင်း ဖြစ်နေ ရှိနေမှာပဲ။ ဒီမိုကရေစီဆို ဝေဖန်ခွင့်ရှိရမယ်လေ။ ကောင်းတာလုပ်တဲ့သူကို ဝေဖန်ရင် ကာကွယ်မဲ့သူတွေ အများကြီး ရှိသလို မကောင်းတာ လုပ်မိရင် ပုတ်ရင်ပေါ်မှာဘဲ ဘာမှ တားဆီးလို့ မရဖူး ....။
အင်တာနက်ပါ ကိစ္စတွေကို လိုက်လံချုပ်ချယ်တာထက် အများကြီး လုပ်စရာ ကိစ္စတွေ ရှိမယ် အစီစဉ်တွေပိုပြီး သုံးသပ် တင်ပြသင့်ကြပါတယ် လွှတ်တော်ကြီးကို ဒီထက် တိုင်းပြည်အတွက် အရေးကြီးတဲ့ အရာတွေ ဖေါ်ဆောင်မူတွေ ချစေချင်တဲ့ စေတနာရယ်ပါ ....။
ခုကျွန်တော်ပြောနေတာလည်း ဝေဖန်ချက်ဘဲလေ။ စုံစမ်းစစ်ဆေးရေးထဲက အွန်လိုင်းကိစ္စတွေကိုဆိုရင် ဒီလို ဟိုလို ဘယ်သူ့ အရေးယူပါ ဘာညာဆို လူတိုင်းကိုတောင် အရေးယူရမလိုပဲ။ ရခိုင်ဖြစ်တုန်းက BBC တို့ မဟုတ်မမှန်လုပ်တုန်းက သတင်းတွေ လိမ်ဖြန့်တုန်းကပြောရင် လက်သင့်ခံပါတယ် ....။
ခုလည်း လုပ်ကြပေါ့ မဲအားက ထောက်ခံမဲသာနေတာကို လွတ်တော်ထဲမှာ လူတော်တွေကြီးပါဘဲဗျာ ကျွန်တော်ပြောချင်တဲ့ စေတနာက ဘာလဲဆိုတာ သဘောပေါက်ကြမှာပါ ကျွန်တော်တို့က ကလေးအရွယ် လူငယ်အရွယ်ဖြစ်ပြီး အသိပညာ မပြည့်စုံသေးလို့ ကျွန်တော်သုံးသပ်တာ မှားသွားရင်လည်း ခွင့်လွတ်နားလည်ပေးကြဖို့  မျော်လင့်ပါတယ်။
တရားဝင်မီဒီယာတွေတောင် တစ်ခါတစ်လေ ရေးတင်တဲ့ ဝေဖန်ချက်တွေ ဘောင်ကျော်တာတွေ စည်းလွတ်တာတွေ ရှိခဲ့သေးတာဘဲလေ။ ဒီနေရာမှာသုံးမယ့် တော်တဲ့ ထက်တဲ့သူတွေကို ဒီထက်အကျိုးရှိတဲ့ တိုင်းပြည်အတွက် နေရာတွေမှာ သုံးစေချင်တယ်ဗျာ။ စေတနာများစွာဖြင့် အကြံပေးတင်ပြအပ်ပါတယ်။
လွှတ်တော် လူကြီးမင်းများ ကျန်းမာချမ်းသာပြီး ဒီထက်ပိုတိုင်းပြည် အကျိုးထမ်းဆောင်နိုင်ကြပါစေ
လေးစားစွာဖြင့်
ဖိုးသားလေး
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ဒေါက်တာဆိတ်ဖွားက လူထုစိန်ဝင်းဆုံးသွားတော့ တစ်ခုပြောတာလေးမှတ်မိတယ်။ သူဘယ်သူဆိုတာသိတဲ့သူ မြန်မာနိုင်ငံမှာ (၅)ယောက်ရှိတယ်တဲ့။ အဲ(၅)ယောက်ထဲမှာ လူထုစိန်ဝင်းလည်း ပါဝင်ပါတယ်တဲ့။ လူထုစိန်ဝင်းအနေနဲ. သေသည်အထိ ဒေါက်တာဆိတ်ဖွားဆိုတာ ဘယ်သူဆိုတာ ဘယ်သူ့မှမပြောဘဲ နှုတ်လုံသွားတဲ့အတွက် လူထုစိန်ဝင်းကို လေးစားပါတယ်ဆိုပြီး ပြောဖူးပါတယ်။
အဲတော့ဗျာ… ဒေါက်တာဆိတ်ဖွားကို ရှာပုံတော်ဖွင့်မယ့် ကော်မတီအဖွဲ.ကို အကြံလေးတစ်ခု ပေးချင်ပါတယ်။ ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံမှာ ၀ိညဉ်တွေဘာတွေ ခေါ်တာတွေ ရှိတယ်မလား။ အဲဒီတော့ ရှာပုံတော်မင်းသားကြီးများ အဖွဲ့အနေနဲ့ လူထုစိန်ဝင်းရဲ့ ၀ိညဉ်ကိုခေါ်ပြီး အကူအညီတောင်းလိုက်ပါလို့ အကြံကောင်းလေး ပေးအပ်ပါတယ်ခင်ဗျား။
သေချာစဉ်းစားကြနော်။ အလွန်ဆုံးကုန်မှ ကန်တော့ပွဲတစ်ပွဲ ၂၀၀၀ လောက်ပဲရှိမယ်။ :)
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
လွှတ်တော်အတွင်းအရေးကြီးအဆိုများ
မျောက်ခေါင်းသန်းရှာ မဲဆန္ဒနယ် ကိုယ်စားပြုအမတ်မှ facebook ပေါ်ရှိ သူ့ post တွင် tag လုပ်ထားသောသူများထဲမှ ထိုပို့စ်ကို Like လုပ်ရန် ပျက်ကွက်သူများကို တာဝန်ပျက်ကွက်မှုဖြင့် အရေးယူရန်။
ကြောင်ရေချိုး မဲဆန္ဒနယ် ကိုယ်စားပြုအမတ်မှ facebook ပေါ်တွင် လွှတ်တော်အကြောင်း အတင်းတုပ်သူများကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုဖြင့် အရေးယူရန်။
၁၀၉/၁၁၀ မဲဆန္ဒနယ် ကိုယ်စားပြုအမတ်မှ facebook ပေါ်တွင် မြန်မာစာစာလုံးပေါင်း သတ်ပုံမှားသူများကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အရေးယူရန်။
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း
အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ် မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။
အရေးကြီးအဆိုမှာ အင်တာနက်တွင် ဖော်ပြနေသည့် Above The Law (ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား) ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးပါရန် ဒေါက်တာစိုးရင်က တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။
ယင်းအဆိုအား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ပါသည်။
ဒေါက်တာဆိတ်ဖွား ဘလော့ဂ်သည် ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော ၀ါဒဖြန့်ချိရေး ဘလော့ဂ်တစ်ခု ဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး အချို့အား ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ဝေသော Smart News ဂျာနယ်တွင် ဖော်ပြခဲ့ဖူးကာ အဆိုပါ ဂျာနယ်၏ အယ်ဒီတာချုပ်မှာ ဦးခင်မောင်ညို(ဘောဂဗေဒ) ဖြစ်ပါသည်။
ထို့အပြင် ဒေါက်တာ ဆိတ်ဖွား၏ Voice of Myanmar ဘလော့ဂ်တွင် ဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါးများကို ၀ါဒ ဖြန့်ချိရေး ၀က်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Myanmar Express တွင် တစ်ဆင့် ပြန်လည် ကူးယူ ဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်လေ့ရှိပါသည်။ ဒေါက်တာ ဆိတ်ဖွား ဘလော့ဂ်နှင့် Myanmar Express ၀က်ဆိုက်တို့သည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်နှင့်လည်း ဆက်နွှယ်မှုရှိကာ အဆိုပါ ၀က်ဘ်ဆိုက်များသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာများကို အပုပ်ချ တိုက်ခိုက်လေ့ရှိပြီး ယင်းတို့၏ ရေးသားချက်များသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားဖြစ်စေသော ရေးသားမှုများ ဖြစ်သည်ဆိုသော သုံးသပ်မှုများ ရှိနေခဲ့ပါသည်။
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အမည်ရှိသူ ရေးသားသော post များသည် ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ Facebook ရှိ status အချို့နှင့် တူညီမှုရှိသလို ရံဖန်ရံခါတွင် sit aung အမည်ရှိ Facebook ပိုင်ရှင် တစ်ဦး၏ status များနှင့်လည်း တူညီကာ ရေးသားပုံ style မှာလည်း တူညီမှုရှိကြောင်း Eleven Media Group မှ လေ့လာတွေ့ရှိရပါသည်။ sit aung အမည်ရှိသူသည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်တွင် ဆောင်းပါးများ မကြာခဏ ရေးသားလေ့ရှိသူ ဖြစ်ပါသည်။
http://goo.gl/O3Gpi
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
အရေးကြီး သတိပေးချက်
ဒေါက်တာဆိတ်ဖွားကော်မရှင် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဖွဘုတ်တွင် အရေးတကြီး ရင်ဖွင့်နေကြသော မြန်မာနိုင်ငံသားအားလုံးအား အရေးတကြီး အရေးယူနိုင်ရန်အတွက် မနက်ဖြန် လွှတ်တော်တွင် မဟားဒရား အရေးကြီးအဆို တင်သွင်းတော့မယ်လို့ လွှတ်တော်အသိုင်းအ၀ိုင်းက အရေးကြီး သိရှိရပါတယ်။
ဒါ့ကြောင့် အရေးကြီး ဖွဘုတ်ဘော်ဘော်များ အထူးဂရုပြု၍ အရေးကြီး-မကြီး ခွဲခြား၍ မန့်ကြပါကုန်လော့။
ပုံ/-
(အရေးကြီးသတင်းပေး ပလေတို)
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
တစ်ရက်ကို ကုဋေချီတဲ့ ပြည်သူ့ဘဏ္ဍာများကိုသုံးပြီး နိုင်ငံအတွက် လုပ်သင့်တဲ့ အလုပ်ကိုမလုပ်ဘဲ ချစ်တီးခေါင်း သန်းရှာတဲ့ လွှတ်တော်
နိုင်ငံအတွက် ဒီလောက်အရေးကြီးတဲ့ကိစ္စတွေ အများကြီးရှိနေတာလုပ်ကြပါလား။ ဘင်္ဂါလီအရေးတော့ ဘာမှမပြော။ ဘင်္ဂါလီအမတ်တွေ လွှတ်တော်မှာရှိနေတာကိုနှာစေးနေတယ်။ facebook page တစ်ခုက ဒေါက်တာဆိတ်ဖွားက "ဥပဒေအထက်မှာ လွှတ်တော်ရှိသလား" " ဆိုပြီး ပို့စ်လေးတင်လိုက်တာနဲ့ ပြည်ထောင်စုကော်မရှင် ဖွဲ့စစ်ဆေးရလောက်အောင် ဆတ်ဆတ်ထိမခံ ဖြစ်နေတာတော့ မကောင်းပါဘူး။
သမ္မတကြီးကို facebook ကနေ နေ့တိုင်း အပြစ်ပြောနေသူတွေ၊ ထောက်ပြနေသူတွေ ရာနဲ့ချီရှိတာပဲ။ သမ္မတကြီးက ဒီလူတွေကို တရားစွဲမယ် စုံစမ်းမယ် ကော်မရှင်ဖွဲ့အရေးယူမယ် တစ်ခါမှ မလုပ်ဖူးပါဘူး။
ဒီမိုကရေစီနိုင်ငံက လွှတ်တော်နာမည်ခံထားပြီး ငါကတော့ အကုန်လုံးကို ဝေဖန်ခြယ်လှယ်မယ် ငါ့ကိုတော့ စိတ်နဲ့တောင် မပြစ်မှားနဲ့ဆိုတဲ့ တစ်ခုခု လွှတ်တော်ကို ဝေဖန်လိုက်ရင် မိဖုရားဟိုဒင်းကို ကင်းကိုက်သလို ဖြစ်နေတဲ့ အထိမခံ ရွှေပန်းကန်လွှတ်တော်ကြီးရဲ့ လုပ်ရပ်ကို ရှုံ့ချပါတယ်။
ဒီကိစ္စကို ခေါင်းငုံ့ခံနေရင် မသိချင်ယောင်ဆောင်နေရင် တစ်ချိန်ကျရင် လွှတ်တော်ပေါ်က ဘင်္ဂါလီအမတ်တွေ တောင်းဆိုလို့ ဘကတအဖွဲ့နဲ့ တခြားသော ဘင်္ဂါလီဆန့်ကျင်ရေး အမျိုးသားရေးအဖွဲ့များကို ပြည်ထောင်စုကော်မရှင်ဖွဲ့ပြီး အရေးယူလာလိမ့်မယ်။
နိုင်ငံအတွက် အပြုသဘောနဲ့ လွတ်လပ်စွာ ဝေဖန်ထောက်ပြခွင့်ကိုချစ်မြတ်နိုးသူတိုင်း ဒီလို အာဏာရှင်ဆန်တဲ့ကိစ္စကို ဆန့်ကျင်ကြပါ။
ဘကတအဖွဲ့
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
Mizzima - News in Burmese
ဥပဒေအထက်မှာ လွှတ်တော်ရှိသလားဆောင်းပါးအတွက် ကော်မရှင်ဖွဲ့ကာ စုံစမ်းရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၄၀ မိနစ်
ရန်ကုန်(မဇ္ဈိမ)။ ။ဒေါက်တာဆိတ်ဖွားရေးသားသော "ဥပဒေအထက်မှာ လွှတ်တော်ရှိသလား" "Above the Law" ဝေဖန်ချက်ဆောင်းပါးနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် ကော်မရှင်ဖွဲ့၍ စုံစမ်းရန် ကမာရွတ်မဲဆန္ဒနယ်မှ ဒေါက်တာစိုးရင်၏ အဆိုကို ထောက်ခံမဲ ၃၄၇မဲဖြင့် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
မှတ်ထား.. ဒေါက်တာဆိတ်ဖွါးဆိုတာ.. ပြည်တွင်းက.. တိတိကျကျပြောရရင်… မေမြို့မှာ ရှိတယ်။ သူ့ရူပါက မျက်မှန်းဝိုင်းကြီး တပ်ထားပြီး ချယ်ရီးကိုင်းဒုတ်ကောက် ကိုင်တယ်..။ သူ့အိမ်က မျက်ချေးနုရွာနားမှာ ရှိတယ်. ခြံအကျယ်ကြီးပဲ။ မွေးမြူရေးလုပ်တယ်။ သူ့အလုပ်ကိုသူ အရမ်းမြတ်နိုးလို့ ဒီနာမည် ဒီကလောင် ပေးထားတာ.။ သူမွေးမြူရေးလုပ်ငန်းက ဆိတ်မွေးတာ။ ဆိတ်နို့ညစ်ရောင်းတယ်။ ဆိတ်သားလုံးနဲ့ ဆိတ်နားရွက်သုပ် ရောင်းတယ်။ သူ့မှာလည်း ကျော်သူတို့လို မုတ်ဆိတ်ဖြူကြီးရှိတယ်။ သူဆိတ်နို့ ညှစ်နေရင် လူနဲ့ဆိတ်နဲ့ရောနေလို့ လူတွေက သူ့ကို ဦးဆိတ်ဖွားလို့ ခေါ်ကြတယ်။ မယုံရင် စုံစမ်းနေတဲ့လူတွေရဲ့ အိမ်ကိုခေါ်ပြီး နို့ညှစ်ခိုင်းကြည့်ပါလား။
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ဒေါက်တာဆိတ်ဖွားအရေးနှင့်ပတ်သက်သည့် အင်တာနက်ပေါ်မှ မှတ်ချက်အဖုံဖုံ
““လွှတ်တော်ကြီးလည်းချီလာပါပြီ...လွှတ်တော်ကြီးလည်းချီလာပါပြီ””
(Thura Aung)
-----------------------------------------------------------------------------
““အိုင်ဆေး ကိုနှင်းမောင် ဒေါက်တာ ဆိတ်ဖွားကို အမြန်ဆုံး ရှာပေးပါ... မဟုတ်ရင်တော့ ကျုပ်တို့ မင်းကြီးဆော်တော့မယ်..။
မလွယ်လောက်ဖူးထင်တယ် အိုင်ပီရ… တာမွေသင်္ချီုင်းက ဖျက်လိုက်တာကြာပြီဆိုတော့ ဒီလူလည်း ဘုံပျောက်နေတယ်...။ ရေဝေးမှာက မီးသဂြိုလ်တာဆိုတော့ ဒီလူလည်း အလုပ်လက်မဲ့ ဖြစ်သွားတယ်... နောက်ဆုံးတော့ ကြံရာမရ ရွာရိုးကိုးပေါက် လျှောက်သွားပြီး အခုတော့ ဘလော့ဂ်ရေးနေတယ် ကြားတာပဲ...။ အတိအကျ သိချင်ရင်တော့ ဆားပုလင်းနှင်းမောင်နှင့် ဒေါက်တာဆိတ်ဖွား ရှာပုံတော်ကို ရှာဖတ်ပေတော့ဗျို့... ဒန်ဒန့်တန်..””
(Soe Zeya Tun)
-----------------------------------------------------------------------------
လွှတ်တော်မှာ ဖေ့ဘုတ်နဲ့ ပတ်သတ်ပြီး အရေးယူဖို့ဆိုရင် ဒေါက်တာဆိတ်ဖွားအပြင် အဘဥက္ကာကိုကို Ko Thura Myo နောက် ဒီမိုဆိုတဲ့ စာလုံးနောက်မှာ ထည့်ချင်တာ ပေါင်းချင်တာ ပေါင်းထားတဲ့ လူနာမည်တွေနဲ့ လူတွေကိုလည်း အရေးယူရတော့မှာလား :D
(Ei Mon Kyaw)
-----------------------------------------------------------------------------
လွှတ်တော်ရှေ့က ခွေးတောင် လွှတ်တော်ဘက်လှည့်ဟောင်ရင် ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးမယ့်ပုံပဲ...
(Eco Oo)
-----------------------------------------------------------------------------
ရူးနေကြသလားဝေးးးးးးးးး ငါလည်း အကောင့်အသစ် တစ်ခုဖွင့်ပြီး ဟိုဟိုဒီဒီ တက်ရေးဦးမှာပဲ နေဦး ငါဒါရေးတာတွေ့ပြီး မိအင်ကြင်းဆိုတာ ဘယ်သူလဲဆိုပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး လာစစ်နေရင်ဒွက်ခ :P
(မိအင်ကြင်း)
-----------------------------------------------------------------------------
လွှတ်တော် အတော်အားနေတယ်ထင်တယ်....... တစ်ရက်ကျင်းပဖို့ သိန်းပေါင်းများစွာ အကုန်ကျခံနေရတာကိုတောင် စဉ်းစားဆင်ခြင်မှု မလုပ်ပဲနဲ့ အွန်လိုင်းက ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါးကို တရားစွဲဖို့ ကိစ္စတောင် ရှိသမျှဟာတွေ အကုန်ဖျက်ပီး အရေးကြီးအဆို တင်သွင်းရတဲ့ အဆင့်တောင် ဖြစ်နေပါလား......။
(James Mint)
-----------------------------------------------------------------------------
ဖေ့ဘုတ်မှာ နာမည်ကြီးနေတဲ့ ဥက္ကာကိုကို စာမျက်နှာကို ၁၂၀ မမ တစ်လုံးထုမယ်။ သရော်စာရေးတဲ့ သူရမျိုး စာမျက်နှာကို ၁၀၅ မမ တစ်လုံးထုမယ်။ စင်္ကာပူကနေ ဝေဖန်ရေးပြောတတ်တဲ့ မယ်ကလျာ စာမျက်နှာကို အာပီဂျီနဲ့ ပစ်မယ်။ ပြီးရင် နောက်နေ့ လွှတ်တော်ထဲမှာ ကီဘုတ်အပစ်အခတ် ရပ်စဲရေးအတွက် လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းလိမ့်မယ်။ ကတောက်စ်..
(အဘ မင်းထက်စံ)
-----------------------------------------------------------------------------
တောက် ငါသာအမတ်ဖြစ်လို့ကတော့ ဒေါက်တာချက်ကြီးကို ဖေါ်ထုတ်ခိုင်းပြီး ကောင်မလေးတွေ အီးမေးလ် တောင်းပါတယ်။
(Ko Thura Myo)
-----------------------------------------------------------------------------
လွှတ်တော်ကို ကြောင်တွေ ပို့ပေးရမယ်။ ဘာရယ်မဟုတ်ပါဘူး။ ရေချိုးခိုင်းမလို့ပါ။ သန်းမရှာခိုင်းတော့ပါဘူး။ ကိုယ့်ဟာကို ငုံ့ရှာကြလိမ့်မယ်။
(Zayya Sopyay)
-----------------------------------------------------------------------------
ဒေါက်တာဆိတ်ဖွားမှာ မည်သူမည်ဝှာဖြစ်သည်ကို အတိအကျ သတင်းပေးနိုင်သူအား ကျပ်ငွေ(သိန်းတရာ) လွှတ်တော်မှ ချီးမြှင့်မည်။
ပုံ/ဘကသလွှတ်တော်ဥက္ကဌ ခံအောင်တင့်။
(Thu Ta Aung)
-----------------------------------------------------------------------------
ဒေါက်တာဆိတ်ဖွား ဘယ်သူလဲဆိုတာ ရှာရင်းနဲ့ တစ်လက်စတည်း မြန်မာအိတ်စပရက်စ်တို့ ဒေါက်တာချက်ကြီးတို့ ဘယ်သူလဲဆိုတာပါ ရှာဖွေဖေါ်ထုတ်ဖို့ အဆိုထပ်တင်ဦးမှ။
(Myint Kyaw)
-----------------------------------------------------------------------------
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားလည်း မင်းသိင်္ခ၀တ္ထုထဲကလို တာမွေသင်္ချိုင်းမှာ မနေဘဲ facebookပေါ် တက်လာတော့ ခုကြည့် လွှတ်တော်အမတ်မင်းတွေ ပြောစရာဖြစ်ကုန်ပြီ။
(Thantzin Soe)
-----------------------------------------------------------------------------
ဒေါက်တာဆိတ်ဖွားနဲ့ ပတ်သတ်ပြီး အရေးကြီးအဆို တင်သွင်းသူက ရန်ကုန်တက္ကသိုလ် ပါချုပ်ဟောင်း ဒေါက်တာစိုးရင်တဲ့။။။ မြတ်စွာဘုရား
(Aung Soe)
-----------------------------------------------------------------------------
မဖြစ်ချေတော့ဘူး။ နောက်ဆိုရင် နိုင်ငံတော်ကို ခဏခဏဆဲမှုနဲ့ (အင်တာနက်နှေးရင်၊ မီးပျက်ရင် အမြဲတမ်းဆဲ၏) သံလွင်အေး ဆိုသူအား ပြည်ထောင်စုလွှတ်တော်ကနေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးနေအုံးမယ်။
သတိထားဆဲမှပဲ။
(သံလွင်အေး)
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ဒေါက်တာဆိတ်ဖွား စုံစမ်း ဖော်ထုတ်ရေးကော်မရှင် ဖွဲ့စည်းခြင်း
Blogspot Server ထားရှိရာ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဂူဂဲလ်ဆာဗာများအားလုံးရှိရာ လှည့်လည်သွားလာပြီး ဒေါက်တာဆိတ်ဖွားအား ရှာဖွေရန်ဖြစ်သည်။ ဒေါက်တာဆိတ်ဖွားသည် မင်းသိင်္ခ ရှိခဲ့စဉ်က တာမွေသင်္ချိုင်းတွင် အခြေပြုနေထိုင်ခဲ့သော်လည်း မင်းသိင်္ခသေဆုံးပြီးနောက် Blogspot သို့ ပြောင်းရွှေ့သွားကြောင်း သိရှိရပါသည်။ လွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်အရ အောက်တွင်ပါရှိသော ဆရာ့ဆရာကြီးများ ပါဝင်သော စုံစမ်းဖော်ထုတ်ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပါသည်။
ကော်မရှင်သည် ငွေ ကြိုက်သလောက်သုံး၊ ကြိုက်သည့် ပညာရှင်များခေါ်၊ ဒေါက်တာဆိတ်ဖွားအား မတွေ့မချင်း ပြန်မလာကြရန် ဖြစ်ပါသည်။
ဥက္ကဋ္ဌ - Red Army Hacker Team
အဖွဲ့ ဝင် - Opposieeyes
အဖွဲ့ ဝင် - James Mint
အဖွဲ့ ဝင် - ခွန် ဒီးယမ်
အဖွဲ့ ဝင် - ဘွရှင်
အဖွဲ့ ဝင် - Ko John
အဖွဲ့ဝင် - Nay Min
အဖွဲ့ဝင် - Lin Luck Lu
အတွင်းရေးမှူး - ပလေတို
ပုံ
အလုပ်မရှိ လဥကြား သန်းရှာကြသူများ
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
လွှတ်တော် အတော်အားနေတယ် ထင်တယ်....... တစ်ရက် ကျင်းပဖို့ သိန်းပေါင်းများစွာ အကုန်ကျခံ နေရတာကိုတောင် စဉ်းစားဆင်ခြင်မှု မလုပ်ပဲနဲ့ အွန်လိုင်းက ဒေါက်တာဆိတ်ဖွားရဲ့ ဆောင်းပါးကို တရားစွဲဖို့ ကိစ္စတောင် ရှိသမျှ ဟာတွေ အကုန်ဖျက်ပီး အရေးကြီး အဆို တင်သွင်းရတဲ့ အဆင့်တောင် ဖြစ်နေပါလား...... ဘာလဲဗျ သမ္မတလုပ်သမျှ အကုန်အတိုက်အခံ လုပ်ရမှ ကျေနပ်နေတယ် ဟုတ်စ...... ဒါက ဒီလိုသွားရမယ်ဆိုရင် ဟိုလိုလေး ကွေ့လိုက် ၀ိုက်လိုက်ရမှ ကျေနပ်တဲ့ပုံစံတွေ တွေ့နေရတာ ကြာပါပကော.......
ဘယ့်နဲ့ဗျာ ကိုယ်လုပ်ပုံကိုင်ပုံ မဟုတ်လို့ ဝေဖန်ခံရတာကို ကိုယ့်ရဲ့ လုပ်ပုံကိုင်ပုံတော့ဖြင့် ပြင်မယ်မရှိပဲ ဝေဖန်တဲ့ကောင် တရားစွဲမယ်ဆိုတာ အရင် စစ်အစိုးရလက်ထက်က ကိစ္စတစ်ခုဖြစ်လို့ ဓါတ်ပုံရိုက်ရင် ရိုက်တဲ့ကောင်ဖမ်း ထောင်ထဲထည့်တဲ့အချိုး၊ ဟိုတလောက မန္တလေး စည်ပင်လုပ်သလို ၀န်ထမ်းကို ဓါတ်ပုံရိုက်လို့ ကင်မရာထဲက မင်မိုရီကဒ်ကို အတင်းယူသွားတဲ့ပုံစံ.......
ရှက်တတ်ရင် ရှက်ကြပါဦး လွှတ်တော်က အမတ်မင်းများနဲ့ လူကြီးမင်းတို့ရယ်....... ဥပဒေပြုရေး လွှတ်တော်ဆိုတာကို မဖျက်ဆီးပါနဲ့ ကိုယ့်ဟာကိုယ် ပျက်ဆီးချင်သူများ လွှတ်တော်ကနေ ဝေးဝေးနေကြပါဗျ....... ငါတို့ လာမဝေဖန်နဲ့ ဝေဖန်လို့ကတော့ အကုန်တရားစွဲပစ်မယ် ဆိုတဲ့ ၁ ပူးကြီးကို အားကျလို့လား....... ဒီလိုပုံစံနဲ့ ခင်ဗျားတို့ ပါးစပ်တွေက အတည်ပြုလာတဲ့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ပြဌာန်းထားတဲ့ ဥပဒေဆိုတာတွေကို ဘယ်လိုယုံရမလဲ.....
ကလေးကလား အလုပ်တွေနဲ့ စိတ်ပျက်တယ် လွှတ်တော်ရယ်......
James Myint
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
လွှတ်တော်ကိုကိုင်လှုပ်ခဲ့သောဒေါက်တာဆိတ်ဖွား

အလဲဗင်းနဲ့ ဆိတ်ဖွားကိစ္စကြည့်ရအောင်
အလဲဗင်းနဲ့ ဆိတ်ဖွားကိစ္စကြည့်ရအောင်။ အလဲဗင်းဆိုတာ တိုင်းသိပြည်သိမီဒီယာ။ ဆိတ်ဖွားဘလော့ဆိုတာ ကိုလွဏ်းဆွေ ဘလော့လိုတောင် လူသိတာမဟုတ်။ ဒါပေမယ့် အလဲဗင်း ဆတ်ဆတ်ခါသွားရခြင်းထဲမှာ Tax Evasion နဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ပါလာအပြီးမှာ ဖြစ်တာကို စပြီးသတိပြုမိတယ်။ အခွန်ရှောင်တာပေါ့လေ။
အလဲဗင်းက အစိုးရကို ဖဲ့တာတွေကို သူက အဲ့လို ၀ိတ်စီးတဲ့ အချက်အလက်နဲ့ ပြန်ပြောအပြီးမှာ အလဲဗင်းက ရှူးရှူးရှားရှား ဖြစ်သွားတာပါ။
(ဒါက ကို Myo Satt မနက်က တင်တဲ့ status)
ငရဲသားက အလဲဗင်းထိတော့ ဆတ်ဆတ်ထိ မခံနိုင်ဖြစ်နေတယ်။ ကျိုးကြောင်းဆင်ခြင်မှုတွေ နည်းပါးစွာနဲ့ ပြန်ရေးတယ်။
ငရဲသားဆိုတာ အလဲဗင်းရဲ့လူ။ ဒါကလည်း လူတိုင်းသိတဲ့ ထိပ်တန်းလျှို့ဝှက်။
Conspiracy Theory ချိန်ထိုးကြည့်ရင် လွှတ်တော်ထဲမယ် အဆိုတင်သွင်းတဲ့ အမတ်မင်းတောင်မှ အလဲဗင်းရဲ့ ကျေးဇူးခံ ကျေးဇူးစား ကင်းရဲ့လား၊ အဆိုတင်သွင်းတဲ့ အမတ်မင်းဟာ အလဲဗင်းကို ကျောထောက်နောက်ခံ ပေးထားသူများရဲ့ ကျေးဇူးခံ ကျေးဇူးစားလား?
အဲ့ဒါဆို အလဲဗင်း မီဒီယာ ဂရု (EMG) ကို ဘယ်သူပိုင်သလဲ?
CEO ဆိုတာ ကုမ္ပဏီပိုင်ရှင် မဟုတ်မှာတော့ သေချာတယ်။
ဒါဆို "အလဲဗင်းရဲ့ ရပ်တည်ချက်ဟာ ဘာလဲ? ဘယ်လဲ? ဘယ်လိုလူတွေနဲ့ ပတ်သက်စပ်နွယ်နေလဲ?"
ဒါဆိုရင် ဆိတ်ဖွားကို ကိုင်မယ့် ကိစ္စဟာ လွှတ်တော်မယ် ပြောတဲ့ အကြောင်းပြချက်တွေနဲ့ ဘာမှ မဆိုင်ဘူး။
အဲ့ဒီ ကျေးဇူးခံ ကျေးဇူးစား အမတ်မင်း အဆိုတင်သွင်းတာဟာ အလဲဗင်း မီဒီယာ ဂရုနဲ့ နောက်ကွယ်က လူတစ်စု Tax Evasion ကိစ္စကို cover up လုပ်ချင်လို့ တင်တယ်လို့ ဖေကြီး သံသယ ရှိသွားပြီ။
အလဲဗင်း မီဒီယာ ဂရုဟာ စစ်အာဏာရှင် လက်ထက်မှာ ဘယ်လို ကြီးထွားလာလဲ? တင်းကြပ်တဲ့ စာပေစိစစ်ရေး လက်ထက်မှာ ဘယ်လို ဖြတ်သန်းခဲ့သလဲ ပြန်ကြည့်ရမယ်။ အဲ့ဒါဆို နောက်ကွယ်က ဘယ်သူဆိုတာ ရေးရေး မှန်းလို့ ရနိုင်တယ်။
ဒါမျိုး လွှတ်တော်က လုပ်ရမယ်၊ လက်ညှိုးထောင် ခေါင်းငြိမ့်၊ Zombie proof လွှတ်တော် အမတ်တွေနဲ့ ရှေ့ဆက်သွားလို့ မဖြစ်ဘူးဆိုတာ ဒီကိစ္စမှာ ပိုသေချာသွားတယ်။
အခွန်ရှောင်တာဟာ တိုင်းပြည်ရဲ့ ၀င်ငွေကို ထိခိုက်စေတယ်။ ဒါဟာ သေချာကိုင်တွယ်ရမယ့်ကိစ္စ၊ ဆိတ်ဖွားက အဓိက မဟုတ်ဘူးဆိုတာ အမတ်မင်းတို့ သိစေချင်...
(တွေးစရာပေးသော ကိုမျိုးဆက်၊ ငရဲသား၊ အလဲဗင်းမီဒီယာဂရု နှင့် ဒေါက်တာဆိတ်ဖွားတို့အား ဖေကြီးတို့ မိသားစုမှ အထူးကျေးဇူးတင်ရှိပါကြောင်း)
ခရက်ဒစ် တူ ဖေကြီးသိတယ်
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ဒေါက်တာဆိတ်ဖွားကို အရင်က ကြားတောင်မကြားဖူးဘူး။ ကျွန်တော်နဲ့ ဘ၀တူတွေလည်း အများ ကြီးရှိမယ်နဲ့တူပါတယ်။ လွှတ်တော်မှာ ဆိတ်ဖွား နာမည်ကို ကြေငြာလိုက်တော့ ဘာလဲဟဆိုပြီး အတော်လေး စိတ်ဝင်စားသွားတယ်။ အွန်လိုင်းက မိတ်ဆွေတွေလည်း အဲဒီလိုပဲ ဖြစ်မှာပါ။ ကျွန်တော်ဆို တစ်ညလုံး သူ့ဘလော့ဂ်ထဲဝင်ပြီး ပို့စ်တွေအားလုံးကို လိုက်ဖတ်ဖြစ်တယ်။
ဟော မကြာဘူး။ အခု ဒေါက်တာဆိတ်ဖွားက ဘယ်သူဖြစ်ပါတယ်၊ ထိုင်းနယ်စပ်ကိုရောက်နေတယ်၊ မကြာခင် သူရရွှေမန်းနဲ့ ဦးခင်အောင်မြင်တို့ရဲ့ အတွင်းရေးတွေကို ထုတ်ဖော်ရေးသားတော့မယ်ဆိုပြီး သတင်းတစ်ခု တက်လာတယ်။
သူရရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ရဲ့ အတွင်းရေးကို ချရေးချင်ရင် အစကတည်းက ရေးလို့ ရသားပဲ။ အခုဟာက နာမည်ကြီးလာမှ သူ့ဘလော့ဂ်ထဲကို လူဝင်များလာတော့မှ ဒါတွေရေးမယ်ဆိုတော့ အခုနေ သူတစ်ခုခုရေးလိုက်ရင် သေချာတာကတော့ အတော်လေးကို ပြန့်နှံသွားမှာ အသေအချာပဲ။ တစ်နည်းအားဖြင့် ဒေါက်တာဆိတ်ဖွားကို စုံစမ်းစစ်ဆေးဖို့ အဆိုတင်သွင်းခြင်းဟာ တစ်ဘက်နည်းနဲ့ ဒေါက်တာဆိတ်ဖွားကို နာမည်ကြီးပြီး လူဝင်များအောင်များ လုပ်လိုက်လေသလားလို့ စဉ်းစားစရာ ဖြစ်သွားပြန်ပါတယ်။
အွန်လိုင်းမှာ တစ်ခုခုရေးပြီးတင်ရင် ဘယ်သူလဲဆိုပြီး ခြေရာခံဖို့ အတော်လေးခက်ခဲတာကို အဆိုတင်တဲ့ အမတ် မသိတာကတော့ မဖြစ်တန်ကောင်းဘူး။ ဖေ့ဘုတ်စ်ပေါ်မှာ နာမည်ဝှက်နဲ့ status ရေးတာကို ဘယ်သူလဲဆိုပြီး ခြေရာခံတာ လွယ်ကောင်းလွယ်နိုင်ပေမယ့် ဘလော့ဂ်မှာရေးပြီး တင်တာကို တရားခံဘယ်သူလဲဆိုပြီး ရှာတာဟာ ကောက်ရိုးပုံထဲ အပ်ပျောက် ရှာရသလို ဖြစ်မယ်မှန်း အဲဒီအမတ် သိမယ်လို့ ထင်တာပဲ။ မသိလို့ အဆိုတင်တာဆိုရင် တစ်မျိုး၊ သိသိကြီးနဲ့ အဆိုတင်တာ ဆိုရင်တော့ ဒီကိစ္စဟာ ဒေါက်တာဆိတ်ဖွားကို နာမည်ကြီးအောင်၊ ဆိတ်ဖွားဘလော့ဂ်ကို လူဝင်များအောင် လုပ်ပေးလိုက်တဲ့ အဆိုပဲ။
×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ဆိတ်ဖွားရဲ့ဘ၀? =့ ဆိတ်ဖွားရဲ့အဘ ?
(သရော်စာ)
-----------------------------
ဟဲလို .. အဘလား...။
ကျွန်တော် ဆိတ်ဖွားပါအဘ ....။
....................................
ဟုတ်ကဲ့ ဒေါက်တာစိုးရင် ကျွန်တော့်ကို ဖော်ထုတ်အရေးယူဖို့ အဆိုတင်ပါတယ်အဘ..။ ကျွန်တော်နာမည်ကြီးသွားပြီအဘ...။
.....................................
ဗျာ... ဟုတ်လား .......
ဟုတ်ကဲ့ .. ကျွန်တော်မသိဘူး အဘ ..။
မနှစ်က ၉-၇-၂၀၁၂ နေ့က (ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်က သတင်းစာများ၊ Internet Website တို့မှ လွှတ်တော် ကိုယ်စားလှယ်များအပေါ် ဝေဖန်တိုက်ခိုက် နေမှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန်ဆောင်ရွက်မှု” နှင့် စပ်လျဉ်းသည့်မေးခွန်း။) ဆိုပြီး အဆိုတင်ခဲ့သေးတယ်.. ဟုတ်လားအဘ၊ အဲဒီအဆိုကို ဒေါက်တာစိုးရင်ကပဲ ပြန်ဆွေးနွေးခဲ့သေးတယ်.. ဟုတ်လားအဘ..။
နောက်ဆို အင်တာနက်ပြီးရင် သတင်းစာဖက် မြှားဦးလှည့်လာလိမ့်မယ်.. ဟုတ်ကဲ့ သဘောပေါက်ပါပြီအဘ..။
......................................
ဗျာ....။ ဒါလည်းကျွန်တော်မသိဘူးအဘ ..။
ဒေါက်တာစိုးရင်က ၂၀၀၈ အခြေခံဥဒေမူကြမ်းရေးဆွဲရေးကော်မတီမှာပါတယ်.. ဟုတ်ကဲ့ ကျွန်တော်မသိဘူးအဘ နောက်ဆိုဆင်ခြင်ပါ့မယ်..။
........................................
ဗျာ ..ဟုတ်ကဲ့. . ကျွန်တော့်ကို ဘယ်သူလဲ သူတို့သိနိုင်သလို သူတို့အညှာကိုလည်း ကျွန်တော်တို့ ကိုင်ထားတာပဲလေ..။ ဥက္ကဋ္ဌကြီးကအစ သားသမီးဆွေမျိုးတွေကအစ ...ဘာလဲ..ဘယ်လဲပေါ့...။
သူတို့မွေးထားတဲ့ဂျာနယ်တွေနဲ့ ကျွန်တော်တို့မွေးထားတဲ့ ဂျာနယ်တွေ တေ့ပေးလိုက်မှာပေါ့အဘ..။
.........................................
ဟုတ်ကဲ့ သူတို့ကစောင့်ကြည့်နေကြပါတယ်..။
လောလောဆယ်တော့ သူတို့က online မှာ ကာချုပ်မိန့်ခွန်းနဲ့ ... ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀-စ ကို ကြွေးကြော်နေကြတယ်ခင်ဗျ.။ ကောင်းပါတယ်ခင်ဗျ။
အခု စစ်ရေးဆိုင်ရာဘတ်ဂျက်တွေကို လွှတ်တော်က လျှော့ချဖို့ ဆွေးနွေးနေပါတယ်အဘ။
.............................................
ဗျာ . ဟုတ်ကဲ့ .. .. လွန်ခဲ့တဲ့တစ်နှစ် ၁၄-၁-၂၀၁၂ က ကျွန်တော်တင်ထားတဲ့ ညွှန်ကြားစာမူရင်း တင်တာ မြန်လွန်းသွားပါတယ်အဘ..။
၁၃ ရက်နေ့က ညွှန်ကြားစာမူရင်းကို ၁၄ ရက်နေ့မှာ site ထဲမှာ credit မပါဘဲ တင်တယ်ဆိုတော့ အခုစိတ်ဝင်စားနေချိန် သူများတွေ သတိထားမိနိုင်ပါတယ်..။
နောင်မဖြစ်စေရပါဘူး..။
ဟုတ်ကဲ့ သတိထားပါ့မယ်အဘ..။
.............................................
ဟုတ်ကဲ့ .. သတိထားပါ့မယ်အဘ....။
ဟုတ်ကဲ့ခင်ဗျ..။ မြစ်ဆုံတုန်းကလို မဖြစ်စေရပါဘူးအဘ..။
ဒါပါပဲခင်ဗျ..။
ဟုတ်ကဲ့.......
==============================
“အစိုးရ သတင်းစာများ၊ Internet Website တို့မှ လွှတ်တော် ကိုယ်စားလှယ်များအပေါ် ဝေဖန် တိုက်ခိုက်နေ မှုများနှင့် ပတ်သက်၍ လွှတ်တော်မှ တုံ့ပြန် ဆောင်ရွက်မှု” နှင့် စပ်လျဉ်းသည့် မေးခွန်း။
(မှတ်ချက် -မြစ်ဆုံကိစ္စပြီးသည့်နောက်ပိုင်း ဒေါက်တာဆိတ်ဖွားအား ဒုတိယမြောက် ဝေဖန်ခြင်းဖြစ်ပါကြောင်း)
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
လွှတ်တော်တွင် သမ္မတ၏အဆိုပြုချက် မဲခွဲရှုံးနိမ့်ခဲ့သည်။
ဥပဒေအထက်တွင်လွှတ်တော် ရှိသည်ဟု အဆိုခံလိုက်ရသည်။
ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်ကြသည်။
ဒေါက်တာဆိတ်ဖွားအကြောင်း စုံစမ်းရေးကော်မရှင်ဖွဲ့မည်။
အင္တာနက္ဘေလာဂ္ဂါမ်ား သတိထားၾကပါ။
ရေးချင်တိုင်း ရေးလို့မဖြစ်တော့ဘူးလား။
လွှတ်တော်နှင့်ပတ်သက်လျှင် ဆင်ခြင်ကြရတော့မည်လား။
တရုတ်ပြည်ကို အားမကျစေချင်ပါ။
ပြည်သူ့အသံ စစ်စစ်မှန်မှန်များကို သိစေချင်ပါသည်။
ကိုယ့်ကို ဘယ်လိုပြောနေကြသလဲဆိုတာ မြင်ရပါလိမ့်မည်။
အင်တာနက်တွင် လူကြီးလူကောင်း ဆန်စေလိုသည်။
ညစ်ညစ်ညမ်းညမ်း မဆဲကြပါနှင့်။
ပြည်ထောင်စုလွှတ်တော်သည် ဥပဒေများကို ပြင်ဆင်/ဖြည့်စွက်/ဖျက်သိမ်း/ အသစ်ရေးနိုင်ပါသည်။
မှန်မှန်ကန်ကန် ဖြစ်သွားဖို့ကို ကြိုးစားပေးကြပါ။
အခုမှားလျှင်လည်း နောင်ပြင်ဆင်ကြဖို့ လုပ်ဆောင်ကြပါ။
အချိန်အခါနှင့် လက်တွေ့ကသာ အမှားအမှန်ကို ဖော်ပြပါလိမ့်မည်။
အားလုံး လောမကြီးကြပါနှင့်။
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
တောင်းပန်ခြင်း
ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာမျက်နှားများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော်ပင်ပြန့်နှံ့နေခဲ့ပါသည် ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည်။
သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွား ဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည်။ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည်၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော် နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် "အပေါင်းပါ" ဟုခေါ်ထိုက်သူများမဟုတ်ပဲ၊ အများပြည်သူ လက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိတရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း ပြင်ဆင် ဖေါ်ပြအပ်ပါသည်။
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
-×-×-×-×-×-×-×-×-×-×
ဒေါက်တာဆိတ်ဖွားကိစ္စ ဖြစ်ပွားပြီးနောက် အင်တာနက်ပေါ်တွင် ဝေမျှကြသည့် ဓာတ်ပုံဖိုင်အချို့

