Friday, February 22, 2013

ဘယ်သူလဲ၊ ဘာလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်မှာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုလဲ (၂)

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဦးဆုံး သမ္မတမှာ ဘယ်သူလဲ။
ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လက်မွန်မဆွ စတင်တည်ထား ကိုးကွယ်ခဲ့သူများသည် မည်သူတွေပါလဲ။
ဥက္ကလာပမင်းကြီးနှင့် တဖုဿ၊ ဘလ္လိက ကုန်သည်ညီနောင်တို့ ဖြစ်ကြပါသည်။

မြန်မာ့သမိုင်းတွင် ဖေ၊ ပု၊ ရှိန် ဟု ရည်ညွှန်းပြောဆိုခြင်း ခံရသူများသည် ဘယ်သူတွေလဲ။
မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလန်ပြည်ကို သွားရောက်အရေးဆိုခဲ့ကြသော ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် တို့ ဖြစ်ကြပါသည်။

မြန်မာစာပေတွင် ပေလေးပင် ရှင်လေးပါးအဖြစ် ကျော်ကြားခဲ့သူများမှာ ဘယ်သူတွေလဲ။
ရှင်မဟာသီလ၀ံသ၊ ရှင်ဥတ္တမကျော်၊ ရှင်အုန်းညို၊ ရှင်ခေမာ တို့ ဖြစ်ကြပါသည်။

သာသနာသက္ကရာဇ် ဆိုသည်မှာ အဘယ်နည်း။
မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်ပြီးနောက် ပထမသင်္ဂါယနာတင် အဇာတသတ်မင်းလက်ထက်မှစ၍ ရေတွက်သော သက္ကရာဇ် ဖြစ်ပါသည်။

ကောဇာသက္ကရာဇ် ဆိုသည်မှာအဘယ်နည်း။
ပုဂံခေတ်သက္ကရာဇ်ကို ပုပ္ပါးစောရဟန်းမင်းလက်ထက်တွင် နှစ်ပေါင်း ၅၆၀ ကို ၂ ခု အကြွင်းထား၍ ဖြိုခဲ့ရာ ယင်းနှစ်မှစ၍ ရေတွက်ခဲ့သော သက္ကရာဇ် ဖြစ်ပါသည်။ သာသနာသက္ကရာဇ်ကို သိလိုလျှင် ရောက်နေသော ကောဇာသက္ကရာဇ်ကို တည်၍ ၁၁၈၂ ကို ပေါင်းလိုက်လျှင် သိနိုင်ပါသည်။

မြန်မာနိုင်ငံတော်အစိုးရက ဖွင့်လှစ်ပေးနေသော ထီကို မည်သည့်အချိန်က စတင်ဖွင့်လှစ်ခဲ့ပါသလဲ။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်ကို မည်သည့်အချိန်တွင် စတင်ဖွင့်လှစ်ခဲ့သနည်း။
၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်သောအခါ အဘယ်ကြောင့် Good-bye ဟု နှုတ်ဆက်ကြသလဲ။
Good-bye ဟူသော စကားသည် God be with you "သင့်အား ဘုရားသခင် စောင့်ရှောက်ပါစေ" ဟူ၍ အဓိပ္ပါယ်ရှိရာ ရင်းနှီးသူအချင်းချင်း တွေ့ဆုံကြသောအခါ တစ်ဖက်သား၏ ကောင်းကျိုးကို လိုလားကြောင်း ပြသသည့်အနေဖြင့် Good Bye ဟု နှုတ်ဆက်ကြခြင်း ဖြစ်သည်။

[ဦးဝမ်ထိန်၊ မေးစရာ ဖြေစရာ သုတအဖြာဖြာ စာအုပ်မှ ပြန်လည်ကောက်နုတ်ကူးယူဖော်ပြပါသည်]

1 comment:

  1. Anonymous7:37 PM

    ကောင်းပါတယ် ဆက်လုပ်ပါ

    ReplyDelete