Thursday, July 12, 2007

သခွပ်ပွင့်ချိန်ဧည့်သည်

သခွပ်ပွင့်ချိန် ဧည့်သည်

မောင်သင်းပန်

ကျွန်တော်ရောက်သွားတော့

မိတ်ဆွေသစ်တစ်ချို့

အပြုံးပလိန်းတွေ သုံးဆောင်နေကြတယ်

မိတ်ဆွေဟောင်း တစ်ဝက်ကတော့

ရွှေဖီမိုးလွတ် တွေနဲ့ပေါ့။

ကယ်လီဖိုးနီးယား မြင်းစီးဇာတ်ကားတွေထဲက

ဘားကောင်တာ မန်နေဂျာအိုက်တင် မျက်နှာမျိုးနဲ့

ဆိုင်ရှင်ပုဂ္ဂိုလ် ထွက်လာတယ်

လက်ထဲမှာ စာရင်းစာအုပ် တစ်အုပ်ကိုင်လို့။

ဘယ်တုန်းက ရောက်နေတာလဲ

ဘယ်ကို ခရီးဆက်ဦးမှာလဲ

နေကောင်းကြရဲ့လား

ငွေကြေးလိုအပ်မှု ရှိသေးလား

……………….လား

ကျွန်တော့်ကို

`လဲ´ တွေ `လား´ တွေနဲ့ နွေးနွေးထွေးထွေး ပွေ့ဖက်တယ်။

No comments:

Post a Comment