ဆင်းရဲသားဘ၀မှ ရှင်ဘုရင်ဖြစ်လာသူ ကော်ဆီတန်နယ်သား နပိုလီယန်ဘိုနာပတ် သည် အဲယ်ဘာကျွန်းတွင် အကျဉ်းကျခံနေရာမှ ၁၈၁၅ ခုနှစ်တွင် လွတ်မြောက်ထွက်ပြေးသွားသည်။ ၄င်းနောက် ပြင်သစ်ပြည်ကို ပြန်လည်တိုက်ခိုက်ယူခဲ့၏။ ယင်းသို့ တိုက်ခိုက်ရန်အလာတွင် တစ်နေ့ပြီးတစ်နေ့ သတင်းများကို သတင်းစာတစ်စောင်က အောက်ပါအတိုင်း ခေါင်းစဉ်တပ်ဖော်ပြခဲ့သည်။
“ကော်ဆီတန်နယ်မှ သူရဲကြီး ယူအန်ပင်လယ်ကိုဖြတ်၍ ပြင်သစ်မြေကို နင်းကြည့်ပြီ”
“လူသား အာဏာရူးကြီး ဂရာစေမြို့သို့ ချီတက်နေပြီ”
“ထီးနန်းကိုလုနေသူ ဂရီနိုဘဲလ်မြို့သို့ ရောက်နေပြီ”
“ဘိုနာပတ် လီယွန်မြို့သို့ ၀င်ပြီ”
“နပိုလီယန်ဖွန်တိန် ဘလူမြို့သို့ ချီတက်လာပြီ”
“သစ္စာစောင့်သိသော ပါရီမြို့သို့ ဘုရင်မင်းမြတ် ဘိုနာပတ် နက်ဖြန်ဆိုက်ရောက်မည်ဟု မျှော်လင့်ရခြင်း”
“လူထုကျေးဇူးရှင် ဘုရင်ဘိုနာပတ်အား ပြည်သူလူထုက အံ့မခန်း ကြိုဆိုကြပြီ”
No comments:
Post a Comment