Monday, May 12, 2008

ကဗျာတစ်ပုဒ်ပါ

(တောကျောင်းဘုန်းကြီး ရဲ့ ကဗျာတစ်ပုဒ်ပါ။ ခံစားကြည့်ပါဦး)


ပီဠိယက္ခ ဆိုတာ
လူနဲ့သမင်တောင် မခွဲခြားတတ်တဲ့
ခပ်ညံ့ညံ့ မြားပစ်သမားပဲ။

လေးတင်ပွဲတုန်းက
ရာမ ဆိုတဲ့ ကောင်လေးကို သနားလို့
ဝင်မပြိုင်ဘဲ “ပတ်စ်” ပေးခဲ့တာ
အဟုတ်ကြီး ထင်မနေနဲ့။

ခေါင်းပေါ်က ပန်းသီးကို
မှန်အောင် ပစ်နိုင်ရုံကလေးနဲ့
သူ့ကိုယ်သူ
လေးသည်ကျော်ကြီး ၀ီလျံတဲဆိုပါလား
သနားတယ်။

အမယ် ရော်ဘင်ဟုဒ်တဲ့
ဇနပုဒ် တောပုန်းကလေးကများ
ရာရာစစ
တော်ရာမှာ သွားပစ်စမ်းကွယ်။

တကယ်တော့
လောကမှာ လေးစွမ်းအထက်ဆုံးဆိုတဲ့
သိဒ္ဓတ္ထ မင်းသားတောင်
ငယ်နုစဉ်က
ကျုပ်မြားချက်ကိုတော့
လွတ်အောင်မရှောင်နိုင်ခဲ့ပါဘူး။

ဟုတ်ပါ့….
မြားနတ်မောင်ဆိုတာ
ဘယ်တော့မှ အပေါ်ထောင်မပစ်ဘူးလေ။

(မင်းလူ ၏ အလွမ်းသစ် ၀တ္ထုမှ ပြန်လည်ကောက်နုတ်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment