Saturday, June 27, 2009

မြန်မာပြည်တွင် A(H1N1) ဖြစ်ပွားသူတွေ့ရှိကြောင်း သတင်းထွက်ပေါ်လာ

စောစောကပဲ သတင်းတစ်ခု ဖတ်မိပါတယ်။ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် A(H1N1) ရောဂါပိုးရှိသူ တွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။
အတည်မပြုနိုင်သေးသော သတင်းများအရ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ပထမဆုံးသောA(H1N1) ရောဂါပိုးရှိသူတစ်ဦး တွေ့ရှိကြောင်း ရေဒီယိုသတင်းများတွင် သတင်းထုတ်ပြန်ခဲ့သည်ဟု ဆိုပါသည်။ စင်ကာပူနိုင်ငံမှ ပြန်လာသော အသက် (၁၃)နှစ် အရွယ်ကျောင်းသူတစ်ဦးတွင် အဆိုပါဗိုင်းရပ်စ်ပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရန်ကုန်မြို့ရှိ ဆေးရုံတစ်ခုတွင် တင်ပို့ကုသပေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါသတင်းကို ဒီနေရာ က ဖတ်ရှုပါတယ်။

1 comment:

  1. Anonymous12:44 AM

    ဟုတ်တယ်လို့သိရပါတယ်။

    ReplyDelete