Saturday, July 11, 2009

စိမ်းသင့်လို့စိမ်း - စိုးမြင့်သိန်း

ကြောင်း/ကျိုး ညီညွတ်မှု/မညီညွတ်မှု

ကမ်းပါးပြတ်ကြီးတွေအပေါ်

ဖြတ်ကျော်ပျံသန်းသွားမယ်။

သစ်ပင်တွေကပို့တဲ့ SOS ငါရတယ်။

ငါဟာ ဖိုက်တာလေယာဉ်ပျံ

သစ်ခုတ်သမားတွေကို ငါဗုံးသွားကျဲမယ်

သစ်ပင်မှာ အသက်ရှိတယ်

သစ်ပင်က အသက်ရှူတယ်

သစ်ပင်က စကားပြောတယ်

သစ်ပင်က အချော့အမြူကြိုက်တယ်

သစ်ပင်က ရေသန့်သောက်တယ်

သစ်ပင်က တောတောင်တွေကို ချစ်တယ်

ဗုဒ္ဓက တောတောင်တွေမှာ တရားကျင့်တယ်

တောတောင်တွေမှာပဲ တရားထူးရတယ်

တောမှာ ခန္ဓာဝန်ချတယ်

တောဟာ သစ်ပင်ဟာ ဗုဒ္ဓရဲ့ ပရိသတ်

တောဟာ ဗုဒ္ဓရဲ့ အာဝါသ သပ္ပါယ

ဗုဒ္ဓရဲ့ သားတော်တွေက အဖရဲ့

ပရိသတ်ကို ထိန်းသိမ်းလိမ့်မယ်

စိမ်းလန်းတဲ့ တောတောင်သစ်ပင်တွေ

စိမ်းလန်းမြဲ စိမ်းလန်းပါစေကွယ်။


(၂၀၀၈ ခုနှစ် ဧပြီလထုတ် ရယ်စရာမဂ္ဂဇင်း အမှတ် ၂၉ မှ)

No comments:

Post a Comment