လေသေနတ်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ…။
(ဖြေ)
ခဲရာခဲဆစ်မှ မဟုတ်တာဗျာ။ လေသေနတ်ပါဆိုမှ Air Gun ပေါ့။
ခေတ်အသုံးအနှုန်းနဲ့ ထူးထူးခြားခြား ခေါ်ချင်ရင်တော့ B.B Gun လို့ ခေါ်ပေါ့။
(မေး)
ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားတဲ့သူကို ဘယ်လိုခေါ်ပါသလဲ….။
ဆရာမရှိဘဲ ကိုယ့်ဘာသာ လေ့လာတတ်မြောက်သူကိုရော ဘယ်လိုခေါ်ပါသလဲ…။
(ဖြေ)
ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားသူကို Leapfrog လို့ ခေါ်ပါတယ်…။
ဆရာမပါဘဲ ကိုယ့်ဘာသာကိုယ် တတ်မြောက်သူကို Autodidact လို့ သုံးပါတယ်…။
(မေး)
ထူးခြားပြီး အံ့သြဖွယ်ကောင်းတဲ့အရာကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ…။
စုန်းကဝေပညာနဲ့ အသက်သွင်းထားတဲ့ သေလျက်ရှင်နေသူကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ…။
(ဖြေ)
ထူးခြားပြီး အံ့သြဖွယ်ကောင်းတဲ့အရာကို Whizbang လို့ခေါ်တယ်။
စုန်းကဝေပညာနဲ့ အသက်သွင်းထားလို့ သေလျက်ရှင်နေသူကို… (ဥပမာ-ဖုတ်ကောင်) Zombie လို့ ခေါ်ပါတယ်။
(မေး)
အကျင့်ပျက်တဲ့ မိန်းမကို ဘယ်လိုခေါ်ပါသလဲ… ။ နာမည်ပျက်ရှိထားတဲ့ မိန်းမပေါ့လေ။
(ဖြေ)
ချိတ်ချိတ်ချင်း ချိတ်တယ်ဆိုတဲ့ စကားကို ခင်ဗျား ကြားဖူးတယ်မဟုတ်လား။
ကျောက်စိမ်းကို ခင်ဗျား Jade (ဂျိတ်) လို့ ခေါ်တယ်မလား။
အကျင့်ပျက်တဲ့မိန်းမ၊ နာမည်ပျက်ရှိတဲ့မိန်းမကိုလည်း Jade လို့ပဲ ခေါ်တယ်။
တန်၏ မတန်၏ဆိုတာ ခင်ဗျားဘာသာ ထိုင်စဉ်းစားပေတော့။
( ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလထုတ် IDEA မဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment