စတီဖင်ဟော့ပ်ကင်းသည် လူကပ်ဆီယန်သင်္ချာ ပါမောက္ခရာထူးကို ပြီးခဲ့သည့် စက်တင်ဘာ ၃၀ အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တက္ကသိုလ်တွင် သုတေသနဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ယူသွားမည် ဖြစ်သည်။
ပါမောက္ခဂရင်းမှာမူ ၎င်း၏ရာထူးသစ်ကို လာမည့်နိုဝင်ဘာ ၁ ရက်မှ စတင်တာဝန်ယူမည်ဖြစ်သည်။ ၎င်းသည် လက်ရှိတွင်လည်း တက္ကသိုလ်ရှိ ဂျွန်ဟမ်ဖရေဖလမ်းမား ပါမောက္ခရာထူးကို သီအိုရီဆိုင်ရာရူပဗေဒပညာရပ်ဖြင့် ရယူထားသည်။ ပါမောက္ခဂရင်းသည် String Theory(ကြိုးမျှင် သီအိုရီ) ဟုခေါ်ဆိုသော အယူအဆကို ဖော်ထုတ်သည့် ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သည်။ ယင်းသီအိုရီက ကာလနှင့် အာကာသတို့၏ အခြေခံဖွဲ့စည်းထားမှုသည် အလွန်သေးငယ်သည့် ကြိုးမျှင်များဖြစ်ကြောင်း ယူဆထားသည်။ ယခုပါမောက္ခ ဂရင်းဆက်ခံမည့် လူကပ်ဆီယန်သင်္ချာ ပါမောက္ခရာထူးကို ၁၆၆၃ ခုနှစ်မှ စတင်ခန့်ထားခဲ့ခြင်းဖြစ်ပြီး ဤရာထူးရဖူးသူများတွင် အိုင်းဆက်နယူတန်မှ စတီဖင်ဟော့ပ်ကင်းအထိ ကမ္ဘာကျော်သိပ္ပံပညာရှင်များ ပါဝင်သည်။
Photos of Stephen Hawking & Michael Green
( မူရင်းသတင်းကို 7 Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၃၃ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment