၁၆ ပါး
မော်ဒန်နိုင်ငံရေးသိပ္ပံပညာရှင်တို့က စတိတ်မင်ကို အောက်ပါအတိုင်း ဂုဏ်ပုဒ်ဖော်၍ အနက်ပေးသည်။
(၁) အတွေးအခေါ်အမြော်အမြင်ရှိသူ
(၂) ခေတ်မီသော အတွေးအခေါ်တို့နှင့် ယဉ်ပါးသူ
(၃) ဒီမိုကရေစီတန်ဖိုးနားလည်သူ
(၄) ညှိနှိုင်းဆွေးနွေးတတ်သောဉာဉ်ရှိသူ
(၅) နိုင်ငံရေးအကဲဖြတ်ချက် ကောင်းမွန်စွာပြုလုပ်နိုင်သူ
(၆) အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားပန်းတိုင်တို့ကို ကာကွယ်နိုင်သူ
(၇) ဈာန်ဝင်စားမှုမဲ့သော အစစ်အမှန်ဝါဒကို ခွဲခြားနိုင်သူ
(၈) လက်တွေ့မကျသော စိတ်ကူးယဉ်မှုကို ဖယ်ရှားနိုင်သူ
(၉) ကာလ၏ ပင်ရင်းအနက်အဓိပ္ပါယ်ကိုသိသူ
(၁၀) အခွင့်အလမ်းကို အမိဖမ်းနိုင်သူ
(၁၁) စိန်ခေါ်မှုတို့ကို ရင်ဆိုင်ဝံ့သူ
(၁၂) ဘယ်ဟာ အရေးကြီးသလဲဟု ရွေးနိုင်သူ
(၁၃) ဘယ်ဟာက ဆီလျော်သည်၊ ဘယ်ဟာက မဆီလျော်ဟု ခွဲခြားနိုင်သူ
(၁၄) အရေအတွက်ထက် အရည်အချင်းကို ပို၍အားထားသူ
(၁၅) သရုပ်ခွဲစစ်မှု Analysis ထက် ပေါင်းစပ်ဖွဲ့စည်းခြင်း Synthesis ကို အလေးသန်သူနှင့်
(၁၆) လူ့ဘ၀၏ အနုအကြမ်းကို ခံစားတတ်သူ (၀တ္ထုရေးဆရာတို့လို)တို့ ဟူ၍ ဖြစ်သည်။
နိုင်ငံရေးသိပ္ပံပညာရှင်တို့က နိုင်ငံရေးခေါင်းဆောင်တို့သည် ဘယ်လောက်ပဲ လိမ္မာပါးနပ်ပါစေ၊ ဘယ်လိုပဲ ပညာတတ်ဖြစ်ပါစေ၊ ဘယ်လောက်ပဲ ကွန့်မြူးဉာဏ်ရှိပါစေ အထက်တွင်ဖော်ပြခဲ့သော ဂုဏ်ပုဒ် ၁၆ ပါးမရှိဘဲ စတိတ်မင်ဖြစ်မလာနိုင်ဟု ထောက်ပြထားသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့သည် သူတို့၌ လက်တွေ့အတွေ့အကြုံတွေ မရှိတိုင်း စတိတ်မင်၏ ဂုဏ်ပုဒ်ကိုဖော်ရာ၌ အရမ်းလောဘကြီးနေသည်ဟု တစ်ဖက်၌ ဝေဖန်ခံရသည်။ စတိတ်မင်ဂုဏ်ပုဒ်တို့သည် စစ်ဘက်၊ အရပ်ဘက် နှစ်ဖက်စလုံးတွင် အကျုံးဝင်ပါလိမ့်မည်။ ဂုဏ်ပုဒ်(၅) နိုင်ငံရေးအကဲဖြတ်ချက် ကောင်းမွန်မှုကို အဓိကထားသည်။
အညွှန်း - Scholarship and Stateman Ship
(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၀ တွင်ပါရှိသည့် နိုင်ငံရေး အချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment