ဒီတစ်ပတ် ဂျာနယ်တွေဖတ်ရတော့ The Voice နဲ့ ရန်ကုန်တိုင်းမ်တွေမှာ ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးတွေ မပါတဲ့အတွက် မဖတ်ရဘူး။ အပတ်စဉ်စောင့်ဖတ်နေကျ ဆောင်းပါးတွေ မဖတ်ရတဲ့အတွက် ဆားမပါတဲ့ဟင်း စားရသလိုပါပဲ။ တစ်မျိုးကြီးဖြစ်ရတယ်။ ဆရာမောင်စူးစမ်း နေမကောင်းလို့လား၊ ဒါမှမဟုတ် အတိုက်အခံတွေများတဲ့အတွက် စိတ်ကုန်ပြီးမရေးတော့တာလားဆိုတာ မသိရသေးပါ။ သေချာတာကတော့ ထီပေါက်လို့ စာရေးခြင်းကနေ ရပ်နားလိုက်တာ မဖြစ်နိုင်သေးဘူးဆိုတာပါပဲ။ ထီဖွင့်ဖို့ရက်က လိုသေးတယ်လေ။ ရှေ့အကြိမ်တွေတုန်းကလည်း ဆရာမောင်စူးစမ်း ထီပေါက်တယ်လို့ မကြားမိသေးပါ။ ဒီလိုပြောရတာက အကြောင်းရှိပါတယ်။ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရလို့ပါ။ ဆရာမောင်စူးစမ်းက ပြောပါသတဲ့။
"အောင်ဘာလေထီ ဆုကြီးပေါက်လို့ရှိရင် အနားယူတော့မယ်၊ စာမရေးတော့ဘူး" တဲ့။
ဘာပဲဖြစ်ဖြစ် ဒီတစ်ပတ်ကတော့ ဆရာမောင်စူးစမ်းရဲ့ ဆောင်ပါးတွေမဖတ်ရ၊ ဘလော့ဂ်မှာလည်း ပြန်ရိုက်ပြီး မတင်ပေးရတဲ့အတွက် ဆားပေါ့နေတယ်လို့ ခံစားရကြောင်းပါ။
No comments:
Post a Comment