Sunday, October 18, 2009

ပန်းကြဲခဲ့တယ် - ကိုဉာဏ် (ပန်းလောင်မြေ)

ဒီလက်တွေနဲ့

ပန်းမျိုးစေ့တွေ ကိုယ်တိုင်ကြဲပက်ခဲ့တယ်။

 

ဒီလက်တွေနဲ့

ရေလောင်းပေါင်းသင်ခဲ့တယ်။

 

ဒီလက်တွေနဲ့

မြေသြဇာတွေကျွေးခဲ့တယ်။

 

ဒီလက်တွေနဲ့

ပိုးသတ်ဆေးဖျန်းခဲ့တယ်။

 

ဒီလက်တွေနဲ့ပဲ

နေ့စဉ်တယုတယပွတ်သပ်ကိုင်တွယ်ထိတွေ့ခဲ့ရတယ်။

 

ပေါက်လာသမျှအပင်

ပွင့်လာသမျှပန်း

ဒီလက်တွေရဲ့ ရလဒ်ပါ။

 

လှတဲ့ပန်းတွေပွင့်လာမယ်

မလှတဲ့ပန်းတွေလည်းပါမယ်

မပွင့်တဲ့အပင်တွေလည်းရှိပေမယ်။

 

ကိုယ့်လက်နဲ့ဖန်ဆင်းခဲ့တဲ့ပန်းခင်း

လှတဲ့ပန်းပဲဖြစ်ဖြစ်

မလှတဲ့ပန်းပဲဖြစ်ဖြစ်

ပွင့်တဲ့အပင်ပဲဖြစ်ဖြစ်

မပွင့်တဲ့အပင်ပဲဖြစ်ဖြစ်

အားလုံးကိုချစ်ခင်တန်ဖိုးထားတာ

မင်းတို့ရဲ့ ဥယျာဉ်မှူးပါ။

 

ကိုဉာဏ် (ပန်းလောင်မြေ)

၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့။

နံနက် ၁ နာရီ ၄၂ မိနစ်တွင်ပြီး၏။

No comments:

Post a Comment