"မှန်ဖြင့်ဆောက်လုပ်ထားသောအိမ်တွင် နေထိုင်လိုသောလူသည် သူတစ်ပါး၏ မှန်ကို ခဲဖြင့်မပေါက်ရ" ဆိုသော တရုတ်ပညာရှိကြီးတစ်ဦး၏ စကားကို ကိုးကားရမည်ဆိုပါက ထိုအပြုအမူမျိုးသည် မြန်မာတို့အနေဖြင့် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း ဖြစ်နိုင်ချေ ရှိ၊ မရှိ သက်သေထူနေခြင်းလည်း ဖြစ်ပေသည်။
Us Them ခွဲခြားမှုတွင် ပိတ်မိနေသော မြန်မာနိုင်ငံသား အများအပြားရှိနေကြောင်း သိရှိနေသူတစ်ဦးအနေဖြင့် The Voice Weekly သည် အဆိုပါ အပြုအမူမျိုးကို Us Them ရှုထောင့်မှနေ၍ အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများရှိနေမည်ကို များစွာရိပ်မိသောကြောင့် ယခုခေါင်းကြီးကို ရေးသားလိုက်ရပါသည်။
ကျွန်ုပ်တို့အားလုံးသည် စနစ်တစ်ခု၏ သားကောင်များ ဖြစ်ခဲ့ကြပြီး ထိုစနစ်ကို ယခုအခါ ပြင်ဆင်ရန် အခွင့်သာနေချိန်ဖြစ်ရာ စနစ်နှင့် စနစ်အတွင်း ကျရာကဏ္ဍမှ ၀င်ရောက်သရုပ်ဆောင် ကပြနေသူများကို ခွဲခြားနိုင်ရေးသည် များစွာအရေးကြီးပါကြောင်း ဖော်ပြလိုက်ရပါသည်။
အယ်ဒီတာ (၇-၁၀-၂၀၀၉)
( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၉ မှ Editorial ကို ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment