အဲဒီလိုစဉ်းစားတော့လည်း သြရသက တစ်ယောက်တည်းမဟုတ်ပြန်ဘူး။ ကျွန်တော့်သူငယ်ချင်း စာရေးတဲ့ကောင်ကလည်း သြရသ၊ အခုနောက်ပိုင်း ဒါရိုက်တာ ညီညီထွန်းလွင်နဲ့အတူ တွဲဖက်ဒါရိုက်တာအဖြစ် ဇာတ်ကားတွေရိုက်နေတဲ့ သြရသ ဆိုတာကလည်း တစ်ယောက်ရှိသေးတယ်။ နောက်တစ်ယောက်က ရှာဖွေသူတွေ သိချင်တဲ့လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ အနီးစပ်ဆုံး ယူဆရတဲ့သူပါပဲ။
သူကတော့ အခုလောလောဆယ် အေသင်ချိုဆွေရဲ့ ပေါက်တဲ့အိုး တေးစီးရီးမှာ လမ်းမခွဲကြေး ဆိုတဲ့သီချင်းကို ရေး/ဆို ထားတဲ့ သီချင်းရေးဆရာ၊ တေးသံရှင်ဖြစ်ပါတယ်။ "နီးလျက်နဲ့ဝေး..... မဆုံနိုင်လို့ဆွေး.... တကယ်ဆို ချစ်ခဲ့ပြီးမှ လမ်းခွဲဖို့ကို လုံးဝမပြောနဲ့... အချစ်စစ်ရဲ့လမ်းကလေးရယ် မဖြောင့်တန်းဘူး... ရှေးစကားလေးရှိခဲ့တာပဲ..." ဆိုတဲ့ သီချင်းစာသားလေးတွေက အခုတလော လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိပါတယ်။ အဲဒီအတွက် ဒီစာသားလေးတွေရဲ့ ဖန်တီးသူ သြရသကိုပဲ သိချင်ကြတာဖြစ်မှာပါလို့ မှတ်ယူလိုက်ပါတယ်။
အဲဒီအတွက် ဂျာနယ်တွေထဲမှာ သြရသနဲ့ အေသင်ချိုဆွေနဲ့ ပတ်သက်ပြီး ဖတ်ရသမျှကို ပြန်တင်ပေးလိုက်ပါတယ်။
သြရသ
သြရသသည် တေးရေးတေးဆိုတစ်ယောက်အဖြစ် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှစ၍ စတင်ရေးသားသီဆိုနေပြီး မကြာမီတွင်လည်း ပို့စ်မော်ဒန်အမျိုးအစား ၀တ္ထုတစ်အုပ်ထွက်ရှိရန် စီစဉ်နေကာ ၂၀၁၀ ဇွန်၊ ဇူလိုင်လများတွင်လည်း သူ၏ တစ်ကိုယ်တော်စီးရီးထွက်ရှိရန် စီစဉ်နေသည်ဟု သြရသက ပြောသည်။
(7Day News ဂျာနယ်မှ)
အေသင်ချိုဆွေ
အထက(၂) စမ်းချောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး ယခုနှစ်တွင် Eco တွဲဖြင့် ၁၀ တန်းအောင်မြင်ထားသည်။ မွေးနေ့မှာ ၁-၈-၁၉၉၃ (တနင်္ဂနွေနေ့) ဖြစ်သည်။
(Venus News ဂျာနယ် အတွဲ ၁၊ အမှတ် ၂၃ မှ)
်ကောင်းပါတယ်
ReplyDeleteနောက်ထပ် ရှာဖွေပေးပါနော်