လွမ်းသူ့ခေါင်းလောင်း၊ သံစဉ်ပြောင်း၍
နှစ်ကောင်းကိုကြို ငါတေးဆိုအံ့။
ပန်းနှင့်လနှင့်၊ ပနံသင့်၍
နှင်းပွင့်ဆွတ်မြ၊ ဆောင်းလည်းလှဆဲ
ညသည်တအား၊ လှသည်တကား
မြရည်ပျား။
နှစ်တံခါးသစ်၊ ဖွင့်လှစ်ကြလေ
ဝါရွှေနီမျိုး၊ စိုက်ပျိုးကြလေ
တွေဝေစိတ်များ၊ ချန်၍ထားလေ
မညီညာလမ်း၊ သီတာစမ်းနှင့်
စိတ်ဝမ်းညီအောင်ဖျန်းကြလေ။
ကိုယ်မှုနှုတ်မှု၊ မနောမှု၌
သာဓုခေါ်ဖွယ်၊ အရောင်ခြယ်၍
တင့်တယ်သောနှစ်၊ အသစ်ဖြစ်အောင်
တေးသစ်တေးသန့်၊ ငါဆိုအံ့
ကဗျာခေါင်းလောင်း ချိုလတ္တံ့။
No comments:
Post a Comment