Tuesday, December 01, 2009

WORLD AIDS DAY

aidsday.jpg

ယခု ၂၀၀၉ ခုနှစ်အတွက် အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ "Universal Access and Human Rights" ဖြစ်ပါသည်။

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အဖြစ်သတ်မှတ်ထားရှိပါသည်။ အေအိုင်ဒီအက်စ်ရောဂါသည် ခုခံအားကျဆင်းမှုရောဂါ HIV ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။

၁၉၈၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် လူပေါင်း ၂၅ သန်းကျော် သေဆုံးခဲ့ရပါသည်။ ထို့ပြင် ၂၀၀၇ ခုနှစ် စာရင်းဇယားများအရ ကမ္ဘာပေါ်တွင် အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားနေသူ ၃၃ သန်းကျော်ရှိကြောင်း သိရှိရပါသည်။ အေအိုင်ဒီအက်စ်ရောဂါသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်သည်မှန်သော်လည်း အဓိကအားဖြင့် လိင်ဆက်ဆံမှုဆိုင်ရာမှ အများဆုံးဖြစ်ပွားကြောင်း သိရှိရပါသည်။ အေအိုင်ဒီအက်စ်ရောဂါသည် အရွယ်မရွေး၊ လူတန်းစားမရွေး၊ ဘာသာမရွေး ဖြစ်ပွားနိုင်သော ရောဂါဆိုးကြီးဖြစ်ပါသည်။ အပြစ်မဲ့ကလေးများပင် ရောဂါဖြစ်ပွားသူ မိခင်ဖခင်တို့ကြောင့် ထိုရောဂါဆိုးကြီး ကူးစက်ခံရကာ လူ့ဘ၀သို့ အေအိုင်ဒီအက်စ်ဝေဒနာရှင်များအဖြစ် ရောက်ရှိလာကြရသည်မှာလည်း ၀မ်းနည်းစရာကောင်းလှပါသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော ကုရာနတ္ထိဆေးမရှိသေးသည့် အေအိုင်ဒီအက်စ်ရောဂါဆိုးကြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်မှလူများသော်လည်းကောင်း၊ မိမိမြို့ရွာနိုင်ငံမှ လူများသော်လည်းကောင်း၊ ကမ္ဘာသူကမ္ဘာသားများသော်လည်းကောင်း မကျရောက် မခံစားကြရစေရန် တစ်ဦးချင်းမှသည် အားလုံးအထိ သတိရှိရှိဖြင့် ၀ိုင်းဝန်းကာကွယ်တားဆီးသွားကြစေလိုကြောင်း ဆန္ဒပြုအပ်ပါသည်။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်၊ အင်္ဂါနေ့။

No comments:

Post a Comment