"ကျေးဇူးတင်ပါတယ်" ဟူသော စကားသည် ချက်ချင်း ကျေးဇူးပင်ပေါက်၍ ကျေးဇူးအကျိုး ဖြစ်ပေါ်စေတတ်ပါသည်။ ကျေးဇူးတင်ကြောင်း အပြောခံရသည့် လူတစ်ဦး၏ ပထမဆုံး လုပ်ဆောင်ချက်မှာ အခြားလူ တစ်ဦးဦးကို ကျေးဇူးတင်ကြောင်း ပြောဆိုဖို့ပင် ဖြစ်ပါသည်။ ဤနည်းဖြင့် ကျေးဇူးတရား ကွင်းဆက်သည် ဆက်တိုက် ဖြစ်ပေါ်လာပါတော့သည်။
အထူးသဖြင့် ကျေးဇူးစကားကို မိမိလေးစားသည့် မိမိ၏ အထက်အကြီးအကဲများထံမှ ကြားရသောအခါ ပို၍ အားတက်စရာ ဖြစ်ပါသည်။ မိဘက သားသမီးကို ကျေးဇူးတင်ကြောင်းပြောခြင်း၊ အလုပ်ရှင်က အလုပ်သမားများအား ကျေးဇူးတင်ကြောင်းပြောခြင်း၊ ဆရာက တပည့်တို့အား ကျေးဇူးတင်ကြောင်းပြောခြင်း တို့သည် ကျေးဇူးတင်စကား ကြားရသူများအတွက် အထူးကြည်နူးစရာ၊ အားတက်စရာ ဖြစ်စေပါသည်။ လူစိမ်းတွေကိုတော့ ကျေးဇူးတင်ပါတယ်လို့ ပြောကြပြီး နီးနီးကပ်ကပ်နေထိုင်သူ အချင်းချင်း ဘာကြောင့် ကျေးဇူးတင်ပါတယ်လို့ မပြောကြတာလဲ။
Frank Mihalic
(ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment