Tuesday, February 16, 2010

ပရဟိတ

မဂ္ဂဇင်း၊ ဂျာနယ် စာမျက်နှာများတွင် နိုင်ငံရေးဆိုင်ရာ အတွေးအခေါ် အယူအဆများနှင့် ပတ်သက်ပြီး အားထုတ်ရေးသားလာမှုများနှင့် ပတ်သက်ပြီး True News မှ ကြိုဆိုပါသည်။

အစဉ်အဆက်ဆိုသလို နားလည်ခဲ့ကြသည်မှာ နိုင်ငံရေးသမားဆိုလျှင် လူတန်းစားတစ်ရပ်သဖွယ် သီးခြားရှုမြင်တတ်ကြပြီး ခပ်ကင်းကင်းနေလိုကြခြင်း ဖြစ်သည်။

နိုင်ငံရေးကိစ္စ လုပ်ကိုင်သည် ဆိုသည်မှာ တကယ်တမ်း ပရဟိတလုပ်ငန်း လုပ်ကိုင်ခြင်းတစ်မျိုးပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူလူထု၏ကိုယ်စား တိုင်းပြည်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စသည့် အရေးကိစ္စမှန်သမျှကို ပြုလုပ်ရန် ပြည်သူက အာဏာအပ်နှင်းခြင်းကို ခံရသူများပင် ဖြစ်သည်။

ထို့ကြောင့် အရေးကိစ္စလုပ်သူများသည် နိုင်ငံရေးသမားစစ်စစ် ဖြစ်ရန်လိုအပ်သည်။ တစ်နည်းအားဖြင့် ပရဟိတလုပ်ငန်းဖြစ်၍ အများအကျိုးနှင့်ယှဉ်ပြီး ကိုယ်ကျိုးစွန့်၊ အနစ်နာခံတတ်ပြီး အဂတိတရား ကင်းရှင်းဖို့ အထူးအရေးကြီးသည်ဟု ယုံကြည်ပါသည်။

သို့ဖြစ်၍ နိုင်ငံအရေးကိစ္စ လုပ်သူမှန်သမျှသည် သီးခြားလူတန်းစားတစ်ရပ် မဟုတ်သလို ပြည်သူလူထု၏ အထက်တွင်လည်း ရှိမနေသင့်ပါ။ ပြည်သူများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရသည့် ကိုယ်စားလှယ်လောင်းများသာ ဖြစ်ပါကြောင်း။
အယ်ဒီတာ

(True News ဂျာနယ် အတွဲ ၂ အမှတ် ၂၇ တွင် ဖော်ပြပါရှိသည့် အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment