Friday, February 05, 2010

လျှောက်ပြီးတော့ သဝေထိုးနေပါပြီ

မရေးတော့ဘူးလို့ နေတာပါပဲ။ ခဏခဏမေးတဲ့လူက များတဲ့အတွက် တစ်ခါတည်းဘလော့ဂ်မှာ ရေးလိုက်ရတာပါ။ မေးတဲ့လူတွေကို စိတ်ညစ်လို့၊ အနှောင့်အယှက်ဖြစ်လို့ မဟုတ်ရပါဘူးနော်။ ကျွန်တော့်အတွက် စိတ်ပူပေးခဲ့ကြ၊ သတင်းမေးခဲ့ကြတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေကို တကယ်ကိုပဲ ကျေးဇူးတင်ပါတယ်။ ၀မ်းမြောက်ဝမ်းသာလည်း ဖြစ်ရပါတယ်။ (ဘာမှလည်း မဆိုင်ဘူးနော်၊ လက်သန်းကွဲတာကို ၀မ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့)

ဟုတ်ကဲ့ပါ...
ကျွန်တော်ကိုဉာဏ် သဝေထိုးနိုင်နေပါပြီခင်ဗျား....
တွေ့ရာကြုံရာကို သဝေထိုးနေပြီဖြစ်ပါကြောင်း အသိပေးလိုက်ရပါသည်ခင်ဗျား။

No comments:

Post a Comment