လူငယ်တွေရူးသွပ်ကြတဲ့ ချစ်သူများနေ့။ လူငယ်တွေ ရင်ခုန်ကြတဲ့ ချစ်သူများနေ့။ လူငယ်တွေ ပျော်ရွှင်ကြည်နူးကြတဲ့ ချစ်သူများနေ့။ လူငယ်တွေ မျှော်လင့်တကြီးနဲ့ စောင့်စားခဲ့ရတဲ့ ချစ်သူများနေ့။ ကဲ… အခု ရောက်လာပါပြီ။ ဘာတွေလုပ်ကြမှာလဲ။ ဘာတွေပြောကြမှာလဲ။
ချစ်စကားတွေ၊ ချစ်သ၀ဏ်လွှာတွေ၊ ချစ်လက်ဆောင်တွေ ပလူပျံနေမယ့် ဒီနေ့လိုနေ့မျိုးကို ကမ္ဘာကြီးရဲ့ ဟိုးအပေါ်တစ်နေရာကနေ ထိုင်ကြည့်ချင်လိုက်တာ။ အရမ်းကို ကြည်နူးဖို့ကောင်းမှာပဲနော်။ ကောင်လေးက ကောင်မလေးကို ချစ်စကားပြောနေတာလည်း မြင်ရကြားရမယ်၊ ကောင်မလေးက ကောင်လေးကို ချွဲနေတာလည်း မြင်ရကြားရမယ်၊ ဝေးနေတဲ့လူတွေ အလွမ်းမိုးတွေ သွန်းဖြိုးနေတာကိုလည်း မြင်ကြားခံစားရမယ်၊ အခန့်မသင့်ရင် အနမ်းပန်းခင်းတွေ ကြဲပက်နေတဲ့ ချစ်သူစုံတွဲတွေကြောင့် မျက်နှာတွေလွှဲရဦးမယ်။ ဘာပဲဖြစ်ဖြစ် ပျော်ကြပါ၊ ချစ်ကြပါ၊ ကြင်နာကြပါ၊ လွမ်းဆွတ်သတိရကြပါ။ အချစ်တွေလွှမ်းနေတဲ့ ကမ္ဘာကြီးဟာ ပျော်စရာအတိဖြစ်မှာပါ။
ဖေဖော်ဝါရီ ၁၄ ရက်ဆိုတဲ့ ဒီနေ့လေးတစ်ရက်တည်းတင် မဟုတ်ဘဲ နေ့စဉ်နေ့တိုင်း မိမိချစ်သူ၊ မိသားစု၊ ပတ်ဝန်းကျင်၊ နိုင်ငံ၊ လူမျိုးနဲ့ ကမ္ဘာလောကကြီးကို ချစ်မေတ္တာထားပြီး ပြုကျင့်နေထိုင်သွားမယ်ဆိုရင် ကျွန်တော်တို့နေထိုင်ရာ လူ့လောကကြီးရဲ့ နေ့ရက်တိုင်းဟာ ချစ်သူများနေ့တွေ ဖြစ်နေမှာ အသေအချာပါပဲ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁ နာရီ ၀၂ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁ နာရီ ၀၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment