အိန္ဒိယပြည်ရောက် အစိုးရမှာကား အင်္ဂလိပ်တို့ ပြန်လည်ထိုးစစ်ဆင်၍ မြန်မာနိုင်ငံကို သိမ်းယူနိုင်ခဲ့လျှင် ဆောင်ရွက်မည့် စီမံကိန်းကို ရေးဆွဲနေလေသည်။ မြန်မာနိုင်ငံမှ ဖမ်းဆီးအရေးယူရမည့်သူများကိုလည်း စာရင်းပြုလုပ်နေပေသည်။ သို့ရာတွင် ဖက်ဆစ်ဂျပန်တို့သည် မြန်မာတို့အား ဆက်လက်နယ်ချဲ့ နှိပ်ကွပ်လိမ့်မည်ကို သိရှိထားသော မျိုးချစ်မြန်မာများက အိန္ဒိယသို့ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြလေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်များ၊ မျိုးချစ်ခေါင်းဆောင်များကလည်း ဂျပန်ကို တွန်းလှန်တိုက်ထုတ်မှသာ ဖြစ်တော့မည်ဟု နားလည်ထား၍ ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် လျှို့ဝှက်အဖွဲ့တစ်ခုကို ဖွဲ့စည်းကာ ကြိုတင်စည်းရုံး ပြင်ဆင်လျက်ရှိ၍ ၁၃၀၆ ခုနှစ်တွင် မဟာမိတ် အင်္ဂလိပ်တို့နှင့် ဆက်သွယ်ခဲ့လေသည်။
လှသမိန်
မြန်မာရာဇ၀င်အကျဉ်း
စာမျက်နှာ - ၉၄ မှ ၉၅
မြန်မာရာဇ၀င်အကျဉ်း
စာမျက်နှာ - ၉၄ မှ ၉၅
No comments:
Post a Comment