ဤနေရာတွင် ကိုးကားလိုသည်မှာ ကမ္ဘာကျော်ဘောလုံးသမား ပီလီ၏ ကမ္ဘာကျော်စကားတစ်ခွန်းဖြစ်ပါသည်။ ကမ္ဘာ့ဖလား ဘောလုံးပွဲတစ်ပွဲတွင် အဆုံးအဖြတ် ဂိုးတစ်ဂိုးသွင်းအပြီးတွင် သတင်းထောက်များကို ပြောခဲ့သော စကားဖြစ်ပါသည်။ သူ့စကားကို အတိအကျ မမှတ်မိသော်လည်း အနီးစပ်ဆုံး ပြောရလျှင်
"ဂိုးသွင်းခါနီးမှာ တစ်ဖက်နောက်တန်းတွေ ကာထားတဲ့ တံတိုင်းကို ကြည့်လိုက်တော့ အပေါက်တစ်ပေါက် တွေ့တယ်ဗျ။ နောက်တန်းလူတစ်ယောက်ရဲ့ ခြေထောက်နှစ်ချောင်းကြားမှာ ဘောလုံးတစ်လုံးစာ အပေါက်တစ်ခုတွေ့တယ်။ အဲဒီအပေါက်ထဲကို ကန်သွင်းလိုက်တာ ဂိုးဝင်သွားတာပဲ"
ကမ္ဘာ့ဖလားဘောလုံးပွဲကြီးတစ်ခုလုံး၏ အထင်ကရ အဆုံးအဖြတ်တစ်ခုဖြစ်သည့် ပီလီသွင်းခဲ့သောဂိုးသည် ပေါ်လာသော အခွင့်အရေးတစ်ခုနှင့် ထိုအခွင့်အရေးကို အမိအရ အသုံးချနိုင်သူတစ်ဦးတို့ ပေါင်းဆုံမှုဖြစ်ပါသည်။
ဝင်ကစားမှသာ အဖြေထွက်မည်ဆိုသည့်သဘောကို ထင်ဟပ်လိုသောကြောင့် "ကွင်းထဲက ၂၅ ယောက် အရေးကြီးသည်" ဟု အမည်ပေးထားသော ဆောင်းပါးတစ်ပုဒ်ကို The Voice Weekly တွင် ဖော်ပြခဲ့ဖူးပါသည်။ နောက်တစ်ဆင့်တက်၍ ပြောရလျှင် ၀င်ကစားရုံမျှမက ပီလီကဲ့သို့ အခွင့်အရေးများကို မြင်တတ်မှုနှင့် အမိအရ အသုံးချနိုင်ရေးသည်လည်း များစွာအရေးကြီးကြောင်း ဖော်ပြလိုခြင်းဖြစ်ပေသည်။
ပီလီသည် အခက်အခဲများအကြောင်း မပြောခဲ့ပါ။ အခွင့်အရေးနှင့် အခွင့်အရေးကို အချိန်ကိုက်အသုံးချခြင်းကို ပြောခဲ့ခြင်းဖြစ်သည်ကို သတိပြုစေချင်ပါသည်။
အယ်ဒီတာ့အာဘော်
The Voice Weekly Journal
အတွဲ (၆) အမှတ် (၂၁)
စာမျက်နှာ - ၎
The Voice Weekly Journal
အတွဲ (၆) အမှတ် (၂၁)
စာမျက်နှာ - ၎
No comments:
Post a Comment