ရာသီဥတုက မနေနိုင်မထိုင်နိုင်အောင်ကို ပူလာပြီ။
ရေသင်းဝင်ပင်တွေက ပန်းတွေပွင့်လိုက်ကြတာမှ ဖွေးဖွေးလှုပ်နေတာပဲ။
ဒညင်းပင်က အပွင့်တွေကို တစ်ခါမှ ဂရုတစိုက် မကြည့်ဖူးဘူး။ လှလိုက်တာ။
နေရောင်နဲ့အတူ အပင်တွေက အရွက်ဖူးလေးတွေ ထွက်လာကြတာ သဘာဝပန်းချီကားချပ်ပါပဲ။
ကျောင်းပိတ်နေပြီဖြစ်တဲ့အတွက် ဂိမ်းဆိုင်တွေနဲ့ အင်တာနက်ဆိုင်တွေမှာ ကလေးတွေအများကြီး တွေ့ရတယ်။
သတင်းစာ၊ ဂျာနယ်တွေထဲမှာလည်း နွေရာသီ ဘာသင်တန်း၊ ညာသင်တန်းဆိုတဲ့ ကြော်ငြာတွေ အများကြီးပါလာပြီ။
ကျောင်းပိတ်တာတောင် ဘာမှမရှိသေးဘူး။ ကလေးတွေက ဘယ်အချိန်သွားနားကြသလဲလို့ တွေးနေမိတယ်။
စာစောင်တွေထဲမှာ မီးလောင်တဲ့သတင်းတွေ ခဏခဏ ဖတ်နေရတယ်။
ဆရာမောင်စူးစမ်းအကြောင်း ဘာလိုလိုကြားရတယ်။ ဘယ်သူ့ကို မေးရမလဲ မသိဘူး။
ကျွန်တော်တစ်ယောက် အခုတော့ သုတေသနစာတမ်းတစ်ခုအတွက် အလုပ်ရှုပ်နေတယ်။
No comments:
Post a Comment