Sunday, March 21, 2010

လူလတ်တန်းစား သောကများနှင့် တနင်္ဂနွေနေ့ကို ရင်ဆိုင်ခြင်း - စေတ

ငါမဖတ်ရသေးတဲ့ သတင်းစာတစ်စောင်အတွက်
ငါမရောက်ဖူးသေးတဲ့ နိုင်ငံအတွက်
ကိုယ်မှာ စွဲကပ်နေတဲ့ အလုပ်လက်မဲ့ရောဂါအတွက်
စောင့်နေကျ ဘတ်စ်ကားမှတ်တိုင်အတွက်
တနင်္ဂနွေနေ့တစ်နေ့
ငါ့ရှေ့ရောက်လာတယ်
ဘာပဲဖြစ်ဖြစ်
လူ့ဘ၀က
ဘာမှမရှိတဲ့ မြို့ကြီးတစ်မြို့နဲ့တူတယ်
ငါနေတဲ့ဘန်ဂလိုက
စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ တောင်ကုန်းတစ်ခုလို
အီရတ်ကိုကြည့်ပြီး
သံဝေဂရတယ်
အဲဒီနေ့ကလူခြေတိတ်လို့
လမ်းဓာတ်မီးတွေလည်း မှိတ်လို့
အားလုံးပြီးသွားမှာပါတဲ့
လွယ်လွယ်ကလေး ကောက်ချက်ချတယ်
ဘာပဲဖြစ်ဖြစ်
လူဆိုတာ အခြေအနေတွေပေါ်တည်ပြီး
စက်ရုပ်တစ်ရုပ်လည်း ဖြစ်သွားနိုင်တယ်
ရဟန္တာလည်း ဖြစ်သွားနိုင်တယ်
ပွဲစားလည်း ဖြစ်သွားနိုင်တယ်
ဘာပဲဖြစ်ဖြစ်။

No comments:

Post a Comment