နောက်နေ့တွင် တင်းကုပ်ထဲရှိ ထင်းတွေကို ခုတ်ဖြတ်ခိုင်းပြန်ပါသည်။ ထင်းကို ခုတ်ဖြတ်ပြီး တစ်နေရာမှ တစ်နေရာသို့ သယ်သူသောအလုပ်ပါ ပါသဖြင့် ထင်းခုတ်သမားအတွက် တစ်နေကုန် အလုပ်ရှိမည်ဟု လယ်သမားက ယူဆထားပါသည်။ သို့သော် မွန်းတည့်အချိန် ရောက်သောအခါ လုပ်ငန်းအားလုံး ပြီးနေသည်ကို တွေ့ရပြန်ပါသည်။
တတိယနေ့တွင် ပင်ပန်းသက်သာသော အလုပ်ကို ပြောင်းပေးမည်ဟု လယ်သမားက စဉ်းစားထားပါသည်။ တောင်းထဲက အာလူးတွေကို အကြီးအသေး ခွဲခြားစုပုံခိုင်းပါသည်။ အကောင်းတစ်ပုံ၊ သိပ်မကောင်းတာက တစ်ပုံ၊ ပုပ်နေတာတွေက တစ်ပုံ ပုံခိုင်းပါသည်။
နောက်ထပ် တစ်နာရီကြာသောအခါ လုပ်ငန်းပြီးစီးမှု အခြေအနေကို လယ်သမားက သွားကြည့်ပါသည်။ ငှားထားသော လူမှာ မတုန်မလှုပ် အေးစက်နေပြီး အလုပ်လည်း ဘာမျှမပြီးသည်ကို လယ်သမားတွေ့ပါသည်။ အေးစက်ပြီး ငြိမ်သက်နေသော အလုပ်သမား၏ မျက်နှာကို ရေနှင့်ပက်လိုက်သောအခါမှ သက်ဝင်လှုပ်ရှားလာပါသည်။ ဘာဖြစ်နေတာလဲဟု မေးသောအခါ
"ကောင်းတာ၊ မကောင်းတာ၊ ပုပ်တာတွေကို သံသယစိတ်နဲ့ ဆုံးဖြတ်ချက်ချ ခွဲခြားနေရတာ သိပ်ခက်ပါတယ်။ တစ်လုံးချင်းကြည့်ပြီး ဆုံးဖြတ်နေရတာ ကျွန်တော်တော့ သေချင်စော် နံတော့တာပါပဲ" ဟု ငှားထားသူက ရှင်းပြပါသည်။
Reader's Digest
[ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေးအတွေးစာစုများ မှ]
No comments:
Post a Comment