နိုင်ငံတော်အတွက် လူကောင်းလူတော်များ လိုအပ်ကြောင်း၊ တော်လည်း တော်ရမည်၊ ကောင်းလည်း ကောင်းရမည်၊ တော်သည်ဆိုသည်မှာ ပညာရပ်ဆိုင်ရာ တတ်ကျွမ်းသည်ကို ဆိုလိုပြီး ကောင်းသည်ဆိုသည်မှာ စည်းကမ်းကောင်းခြင်း၊ အကျင့်စာရိတ္တကောင်းခြင်းနှင့် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ် ထက်သန်ခြင်းတို့ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပညာတတ် အသိပညာရှင်၊ အတတ်ပညာရှင်များ များများပြည့်စုံမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို မြန်မြန် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံကို တကယ်ချစ်သည်၊ ကိုယ့်နိုင်ငံကို အခြားနိုင်ငံများကဲ့သို့ ဖွံ့ဖြိုးတိုးတက်ချင်သည်ဆိုလျှင် တကယ်တတ်ကျွမ်းသည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
[နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ကွန်ပျူတာတက္ကသိုလ် (လားရှိုး) ပင်မသုံးထပ် စာသင်ဆောင်သစ် ဖွင့်ပွဲအခမ်းအနား၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်]
မြန်မာ့အလင်းသတင်းစာ
၂၀၁၀ ခုနှစ် မတ် ၁၁ ရက်၊ ကြာသပတေးနေ့၊
အတွဲ (၄၉) အမှတ် (၁၆၂)
စာမျက်နှာ - ၈၊ ၉
၂၀၁၀ ခုနှစ် မတ် ၁၁ ရက်၊ ကြာသပတေးနေ့၊
အတွဲ (၄၉) အမှတ် (၁၆၂)
စာမျက်နှာ - ၈၊ ၉
No comments:
Post a Comment