ယထာ အဂါရံ ဒုစ္ဆန္နံ၊ ၀ုဋ္ဌီ သမတိဝိဇ္ဈတိ။
ဧ၀ံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။
အမိုးကျဲရင် မိုးရွှဲမယ်
ကောင်းကောင်းမိုးမထားအိမ်၊
အမိုးကျဲနေတဲ့ အိမ်ကို
မိုးရေမိုးပေါက်တွေ
ထိုးဖောက်ဝင်ရောက်နိုင်သလို
သမထဘာဝနာ၊
ဝိပဿနာဘာဝနာတွေနဲ့
ထုံးမွမ်းမထားတဲ့
စိတ်ကိုလည်း
ရာဂ, ဒေါသ စတဲ့
ကိလေသာတွေ
ထိုးဖောက်ဝင်ရောက်
နှိပ်စက်နိုင်ပါတယ်။
ဓမ္မပဒဂါထာ (၁၄)
ယထာ အဂါရံ သုဆန္နံ၊ ၀ုဋ္ဌီ န သမတိဝဇ္ဈတိ။
ဧ၀ံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ။
အမိုးလုံမှ ချမ်းသာမယ်
ကောင်းကောင်းမိုးထားတဲ့အိမ်၊
အမိုးစပ်နေတဲ့အိမ်ကို
မိုးရေပေါက်တွေ
မထိုးဖောက်
မ၀င်ရောက်နိုင်သလို
သမထဘာဝနာ၊
ဝိပဿနာဘာဝနာတွေနဲ့
အသေအချာ
ထုံမွမ်းထားတဲ့စိတ်ကိုလည်း
ရာဂ, ဒေါသ စတဲ့
ကိလေသာတွေ
မထိုးဖောက်မ၀င်ရောက်
မနှိပ်စက်နိုင်ပါဘူး။
[အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့်ဓမ္မပဒ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်]
No comments:
Post a Comment