လီ၏ ထောက်ခံမှုကို ၀ှိုက်တင်း၏ အထက်အရာရှိကြီးက ကြားရသောအခါ အလွန်အံ့သြပါသည်။ ထိုအရာရှိကြီးက ဗိုလ်ချုပ်ကြီးလီအား ခေါ်ပြီး "၀ှိုက်တင်း" က လီအပေါ် မကောင်းတာတွေ ပြောသည်။ ဘယ်လိုသဘောထားသည်ကို သိပါသလားဟု မေးပါသည်။ လီက သိကြောင်း ပြောပါသည်။ "သမ္မတကြီး လိုချင်ရာက ၀ှိုက်တင်းအပေါ် ကျွန်တော့်ရဲ့ အမြင်ပါ။ ကျွန်တော့်အပေါ် ၀ှိုက်တင်းရဲ့အမြင် မဟုတ်ပါဘူး" ဟု လီက ဆက်ပြောလိုက်ပါသည်။
စိတ်ထားကြီးမြတ်သူတို့သည် မိမိအပေါ် ဝေဖန်မှုကြောင့် မိမိ၏ အမြင်ကို ပြောင်းလဲခြင်း မပြုတတ်ကြပါ။ စိတ်ထား သေးသိမ်သူ၊ မိမိသာလျှင် အရေးကြီးသည်ဟု အတ္တဆန်ဆန်၊ ဘောင်ကျဉ်းကျဉ်း စဉ်းစားတတ်သူ၊ အတွေး တိမ်သူများသာလျှင် မိမိအား တိုက်ခိုက်လာမှုကို မခံနိုင်ကြပါ။
Sumashine
[ဒေါက်တာ သိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ စာအုပ်မှ]
No comments:
Post a Comment