ဓမ္မပါဒဂါထာ (၂၈)
ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။
ပညာပါသာဒမာရုယှ၊ အသောကော သောကိနိံ ပဇံ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ၊ ဓီရော ဗာလေ အဝေက္ခတိ။
မမေ့လေ မြင့်လေ
မေ့ခြင်းကို မမေ့ခြင်းနဲ့
အစားထိုးဖယ်ထုတ်နိုင်တဲ့
အသိပိုင်ရှင်ဟာ
အဆင့်မြင့်ပညာဆိုတဲ့
ပြာသာဒ်ထက်ကို
တက်ရောက်နိုင်ပါတယ်။
ကိုယ်တိုင်က
စိုးရိမ်သောက ကင်းနေပြီဖြစ်တဲ့အတွက်
စိုးရိမ်သောက မကင်းသေးသူတွေကို
အပေါ်စီးကနေ
အေးအေးဆေးဆေး မြင်တွေ့နိုင်ပါတယ်။
တောင်ပေါ်ကလူက မြေပြင်ကလူကို
အပေါ်စီးမြင်တွေ့နိုင်သလို
ပညာရှိသူတွေကလည်း
ပညာမရှိသူတွေရဲ့
ဖြစ်ပုံပျက်ပုံ အလုံးစုံကို
အကုန်စီးမိုးပြီး မြင်တွေ့နိုင်တာပါပဲ။
No comments:
Post a Comment