ကုလားအုတ်မောင်းသူက ကုလားအုတ်ဒေါသထွက်အောင် တစ်နည်းမဟုတ် တစ်နည်း လုပ်ခဲ့မိလျှင်၊ သူသည် ချက်ချင်း ကုလားအုတ်၏ မျက်စိကွယ်ရာသို့ ပြေးသွားတတ်ပါသည်။ ကုလားအုတ်ဖြတ်သွားမည့် လမ်းဘေးနားတွင် ပုန်းကွယ်နေပါသည်။ ထို့နောက် သူ၏ အ၀တ်အထည်များကို ချွတ်ပြီး လမ်းတွင် ပုံထားပါသည်။ ကြည့်လိုက်လျှင် လူတစ်ဦး အိပ်နေသလို ထင်စေပါသည်။
ကုလားအုတ်မှာ ထိုလမ်းအတိုင်း ရောက်လာပါသည်။ သူ့အား နာကျင်အောင်လုပ်သူ၏ အ၀တ်များကို မြင်လည်းမြင်ပါသည်။ အနံ့လည်း ခံကြည့်ပါသည်။ ထို့နောက် အ၀တ်ပုံပေါ်တွင် အမျိုးမျိုး နင်းချေမွပါသည်။ အ၀တ်စတိုင်းကို လှုပ်ရမ်းခါပြီး အားလုံးတစ်စစီဖြစ်အောင် ခြေဖြင့် ကြမ်းကြမ်းရမ်းရမ်း နင်းချေပစ်ပါသည်။ ထိုသို့လုပ်ပြီး ကျေနပ်သွားသောအခါ ခရီးဆက်သွားပါသည်။ ထိုအခါမှ ကုလားအုတ်မောင်းသမားသည် ကွယ်ရာမှ ထွက်လာလျက် သူ့စိတ်ကြိုက် လက်စားချေပြီးသော ကုလားအုတ်အပေါ်သို့ တက်စီးပြီး ခရီးဆက်ပါသည်။
ဤအဖြစ်အပျက်က စားပွဲခြေထောက်ကို ခေါင်းဆောင့်မိသဖြင့် လှည့်ပြီး ကုလားထိုင်ခြေထောက်ကို အပြစ်ပေးသည့်အနေဖြင့် ရိုက်သော ကလေးကို မြင်ယောင်လာစေပါတော့သည်။
Tonne
[ဒေါက်တာ သိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ]
No comments:
Post a Comment