ပေးကမ်းစွန့်ကြဲသည့် လုပ်ငန်းတွင် စိတ်၏စွမ်းအား ကြံ့ခိုင်မှုကိုလည်းကောင်း၊ မိမိ၏ ပစ္စည်းဥစ္စာ ပေါကြွယ်ဝမှုကိုလည်းကောင်း၊ မိမိ၏ ပါဝါစွမ်းရည်ကိုလည်းကောင်း၊ လက်တွေ့သိရှိလာရပါသည်။ မိမိ၏ ကြံ့ခိုင်သော စိတ်စွမ်းရည်နှင့် တက်ကြွသည့်သဘောကို သိရခြင်းသည် ကြည်နူးဝမ်းမြောက်စရာ ဖြစ်ပါသည်။ ပေးကမ်းစွန့်ကြဲသည့်အချိန်တွင် စိတ်ကောင်းစေတနာတွေ ယိုဖိတ်စီးဆင်းနေသလို မိမိမှာရှိသော ပစ္စည်းကို အကျိုးရှိရှိ အသုံးချနေရသလို စိတ်ရောကိုယ်ပါ ပေါ့ပါးသွက်လက် ကြည်နူးနေမှုကို ခံစားရပါသည်။
ပေးကမ်းရခြင်းသည် ရယူရခြင်းထက် ကြည်နူးပျော်ရွှင်စရာ ကောင်းပါသည်။ ပေးကမ်းခြင်းသည် ကောင်းမြတ်သော စေတနာ၏ နိုးကြားရှင်သန်မှုကို ဖော်ညွှန်းပေးသည့်အတွက် ပေးကမ်းရခြင်းသည် ကြည်နူးပျော်ရွှင်စရာ ပိုကောင်းခြင်း ဖြစ်ပါသည်။
Eric Fromn
[ဒေါက်တာသိန်းလွင် - စိတ်ကျန်းမာရေး အတွေးစာစုများ]
No comments:
Post a Comment