မည်သို့သောအခြေအနေ ဖြစ်သွားသည်ဆိုသောအချက်မှာ ဇာတ်ညွှန်းပေါ်တွင်သာ မူတည်သည်မဟုတ်ဘဲ ဇာတ်ဆောင်များအပေါ်တွင်လည်း မူတည်ပေသည်။ ဇာတ်ဆောင်များက ဇာတ်ညွှန်းကိုမသိလျှင် နာမည်ကျော်မင်းသားပင် ဖြစ်လင့်ကစား စိတ်ဝင်စားစရာဇာတ်ကွက် ဖြစ်လာမည် မဟုတ်ပေ။ စာအုပ်ထဲတွင် ရေးထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဖြစ်နိုင်ခြေအားလုံး လက်တွေ့နိုင်ငံရေးတွင် ဖြစ်ပေါ်အောင် လုပ်နိုင်စွမ်းရှိခဲ့လျှင် ထိုနိုင်ငံရေးသည် အများထင်မှတ်ထားသည်ထက် ပိုမိုကောင်းမွန်လာနိုင်ပါသည်။
အဓိကကျသည်မှာ ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်ကြမည့် Stakeholder အားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချုက်များကို သဘောပေါက်နားလည်ရန် အထူးပင် အရေးကြီးသည်ဆိုသော အချက်ဖြစ်ပေသည်။ ၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် အဓိကကျသော ကွာခြားချက်မှာ ယနေ့မြန်မာနိုင်ငံတွင် Civil Society ခေါ် လူ့အဖွဲ့အစည်းကို စုစည်းပေးနိုင်သော လူမှုအဖွဲ့အစည်းများ ကျယ်ပြန့်စွာ တည်ရှိနေသောအချက် ဖြစ်ပေသည်။
ထိုလူမှုအဖွဲ့အစည်းများသည် နိုင်ငံရေးတွင် တိုက်ရိုက်ဝင်ရောက်ပတ်သက်ခြင်း မပြုသည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေကို နားလည်နိုင်ရေး၊ အခြားသော Civic Education ခေါ် နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်သော ဗဟုသုတ၊ Voter Education ခေါ် မဲဆန္ဒရှင်များ သိရှိနားလည်ရမည့် အချက်များ စသည်တို့ကို ပါဝင်လုပ်ဆောင်ပေးရန် အသင့်ရှိနေကြသည်ဟု ဆိုနိုင်ပါသည်။ နာဂစ်မုန်တိုင်းကာလက ရှိခဲ့ဖူးသော အင်အားနှင့် လုံ့လ၀ီရိယများ ပြန်လည်ထုတ်လုပ်နိုင်ကြပါလျှင် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးသည် "ပျော်ရွှင်ခြင်းနိုင်ငံ" ဖြစ်လိမ့်မည်ဟု ပြောချင်ပါသည်။
အယ်ဒီတာ (၃-၅-၂၀၁၀)
The Voice Weekly ဂျာနယ်
အတွဲ (၆)၊ အမှတ် (၂၆)
Monday, May 10 - 16, 2010
စာမျက်နှာ - ၎
အယ်ဒီတာ့အာဘော်
The Voice Weekly ဂျာနယ်
အတွဲ (၆)၊ အမှတ် (၂၆)
Monday, May 10 - 16, 2010
စာမျက်နှာ - ၎
အယ်ဒီတာ့အာဘော်
No comments:
Post a Comment