Tuesday, May 11, 2010

ဓမ္မပဒ (၃၁)

ဓမ္မပဒဂါထာ (၃၁)
အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။
သံယောဇနံ အဏုံ ထူလံ၊ ဍဟံ အဂ္ဂီဝ ဂစ္ဆတိ။

သံယောဇဉ်ဖြတ်တာ မမေ့လို့ပါ
မမေ့ခြင်းမှာ မွေ့လျော်ပြီး
မမေ့ခြင်းနဲ့ အချိန်ကုန်လွန်စေတဲ့သူ၊
မေ့ခြင်းရဲ့
အပြစ်ဘေးရန်ကို
သိမြင်တဲ့သူဟာ
သေးငယ်တဲ့
သံယောဇဉ်အနှောင်အဖွဲ့တွေကိုရော၊
ကြီးကျယ်တဲ့
သံယောဇဉ်အနှောင်အဖွဲ့တွေကိုပါ
ဘယ်တော့မှ ထပ်မဖြစ်အောင်
အသိဉာဏ်ပညာမီးနဲ့
ဖြတ်တောက်ရှို့မြှိုက်ပစ်နိုင်ပါတယ်။
အရှိန်ပြင်းတဲ့တောမီးဟာ
လောင်စာအငယ်တွေကိုရော၊
လောင်စာအကြီးတွေကိုပါ
မရှောင်စတမ်း
ရှို့မြှိုက်ဖျက်ဆီးပစ်သလိုမျိုးပေါ့။

No comments:

Post a Comment