အကျဉ်းစခန်းထဲသို့ ၀င်လိုက်သည်နှင့်တစ်ပြိုင်နက် အကျဉ်းကျနေသူများအားလုံး၏ ၀ိုင်းကြည့်သည့်ဒဏ်ကို ခံရပါသည်။ တရားဟောရမည့် စင်သို့ သွားစဉ် သူသည် စိတ်ထဲမှ အသံတိတ် ဆုတောင်းသွားပါသည်။ ဒုတိယလှေခါးဆင့်သို့ တက်ရာတွင် လှေကားထစ်နှင့်တိုက်ပြီး ကြမ်းပြင်ပေါ်သို့ မှောက်လျက်သား ကျသွားပါတော့သည်။ ပရိသတ်က ၀ါးကနဲ ရယ်မောကြပါသည်။
တရားဟော ဓမ္မဆရာသည် နာလည်း နာ၊ ရှက်လည်း ရှက်သည့်အတွက် ခဏကြာ ဘာမှမပြောနိုင်အောင် ဖြစ်ခဲ့ရပါသည်။ ချက်ချင်းပင် စိတ်ကူးတစ်ခု သူ့တွင်ပေါ်လာပါသည်။ သူသည် ထခုန်ပြီး လှေခါးထစ် (၂)ထစ်ကို တစ်လှမ်းတည်းဖြင့် တက်လိုက်ပြီး သူ့ကို ၀ိုင်းရယ်ကြသူများဘက်လှည့်ပြီး တဟားဟား ရယ်လိုက်ပါသည်။ ပြီး ပရိသတ်အား -
"ဒီမှာ ရှိနေတဲ့ လူတွေအားလုံးပေါ့ဗျာ - အခုလာရင်းကိစ္စက အခုဖြစ်ခဲ့တာနဲ့ တစ်ထပ်တည်းပါပဲ။ လူတစ်ယောက်ဟာ မှောက်လျက်လဲကျပေမယ့် ပြန်ထရင် ရတယ်ဆိုတာ ကျွန်တော်ပြောပြချင်လို့ ဒီကိုလာခဲ့တာပါ" ဟု ပြောလိုက်ပါသည်။
Willi Hoffsuemmer
No comments:
Post a Comment