Friday, May 07, 2010

ဓမ္မပဒ (၂၉)

ဓမ္မပဒဂါထာ (၂၉)
အပ္ပမတ္တော ပမတ္တေသု၊ သုတ္တေသု ဗဟုဇာဂရော။
အဗလဿံဝ သီဃေဿာ၊ ဟိတွာ ယာတိ သုမေဓသော။

မမေ့လေ ရှေ့ရောက်လေ
မေ့နေသူတွေကြားမှာ
မမေ့တဲ့သူ၊
အိပ်နေသူတွေကြားမှာ
နိုးတဲ့သူက
မေ့နေသူ၊ အိပ်နေသူတွေကို
အဘက်ဘက်က
ကျော်တက်သွားမှာပါပဲ။
အားချည့်သေးနှေးတဲ့မြင်းကို
အားရှိသန်မြန်တဲ့မြင်းက
ကျော်တက်သွားသလိုမျိုးပေါ့။
ပညာဉာဏ်နုသူကို
ပညာဉာဏ်ထက်သူက
အစစအရာရာ
အမြဲသာလွန်ပြီး
နောက်မှာ ချန်ထားရစ်ခဲ့မှာပါပဲ။

No comments:

Post a Comment