Wednesday, May 19, 2010

ဓမ္မပဒဂါထာ (၃၂)

အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနေဿဝ သန္တိကေ။

နီးစပ်ချင်ရင် မမေ့နဲ့
မမေ့ခြင်းမှာ
မွေ့လျော်ပြီး
မမေ့ခြင်းနဲ့
အချိန်ကုန်လွန်စေတဲ့သူ
မေ့ခြင်းရဲ့
အပြစ်ဘေးရန်ကို
သိမြင်တဲ့သူဟာ
တရားထူးတရားမြတ်တွေကနေ
ဘယ်တော့မှ
မဆုတ်ယုတ်တော့ပါဘူး။
နိဗ္ဗာန်နဲ့လည်း
နီးသထက်
နီးသွားပါပြီ။

No comments:

Post a Comment