ကြက်ခြေနီနေ့ အခမ်းအနားများကို မေလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ရခြင်းမှာ ထိုနေ့သည် ဟင်နရီဒူးနန့်၏ မွေးနေ့ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဟင်နရီဒူးနန့်ကို ၁၈၂၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ကြက်ခြေနီအဖွဲ့ကြီး ဖြစ်ပေါ်လာအောင် စတင်အုတ်မြစ်ချ တည်ထောင်ခဲ့သည့် ပုဂ္ဂိုလ်ထူးဖြစ်ပါသည်။ ထို့ကြောင့်ပင် သူ၏မွေးနေ့ဖြစ်သည့် မေလ ၈ ရက်နေ့တွင် ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ်ကြခြင်း ဖြစ်ပါသည်။
ကမ္ဘာအရပ်ရပ်တွင် မွန်မြတ်သောစိတ်ထား၊ စွန့်လွှတ်အနစ်နာခံသည့် စိတ်ဓာတ်၊ သနားကြင်နာသည့် နှလုံးသားများဖြင့် ဘာသာအမျိုးမျိုး၊ လူမျိုးအထွေထွေ၊ စရိုက်အဖုံဖုံသော လူသားများကို အမှန်တကယ် ကူညီကယ်တင် စောင့်ရှောက်ပေးနေသည့် ကြက်ခြေနီအဖွဲ့ဝင်များ အားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ယနေ့ ၂၀၁၀ ပြည့်နှစ်၊ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၈ ရက်၊ စနေနေ့။
ကမ္ဘာ့ကြက်ခြေနီနေ့။
ည ၈ နာရီ ၂၁ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၈ ရက်၊ စနေနေ့။
ကမ္ဘာ့ကြက်ခြေနီနေ့။
ည ၈ နာရီ ၂၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment