အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဟူသည့်စကားကို ကျွန်တော်အပြည့်အ၀ ယုံကြည်ပါသည်။ ယနေ့ကလေးငယ်ဘ၀မှာ စည်းကမ်းရှိပါမှ နောင်ဖြစ်လာမည့် လူကြီးဘ၀တွင်လည်း စည်းကမ်းရှိသည့် လူကောင်းလူတော်လေးများ ဖြစ်လာကြပါလိမ့်မည်။ စာသင်ကျောင်းများသည် အနာဂတ်နိုင်ငံတော်ကို ထုဆစ်ရာ နေရာဌာနများ ဖြစ်ကြပါသည်။ သို့ဆိုလျှင် ဆရာဆရာမများသည် ပန်းပုဆရာများ ဖြစ်ပေမည်။ တပည့်ကလည်း တပည့်ကျင့်ဝတ်၊ ဆရာကလည်း ဆရာ့ကျင့်ဝတ်များနှင့်အညီ ဆက်ဆံသင်ကြားကြမည်ဆိုပါက ထူးချွန်ထက်မြက်သည့် ကျောင်းသားလူငယ်များ ဖြစ်လာကြမည်မှာ မလွဲဧကန်ပင်။
၂၀၁၀-၂၀၁၁ ပညာသင်နှစ်တစ်ခု စတင်ခဲ့ပါပြီ။ ဆရာကလည်း ဆရာအလျောက်၊ ကျောင်းသူကျောင်းသားများကလည်း သူတို့အလျောက်၊ မိဘများကလည်း မိဘအလျောက် ကိုယ့်တာဝန်ကိုယ်ကျေပွန်စွာဖြင့် ကောင်းမွန်သည့် ပညာရေးစနစ်တစ်ခုကို တည်ဆောက်ဖန်တီးကြရင်း အနာဂတ်နိုင်ငံတော်အကျိုးကို ရည်မျှော်ကြပါစို့ဟု တိုက်တွန်းဆန္ဒပြုရင်း........။
ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း ဟူသောအသံလေးများကို ပြန်လည်ကြားယောင်နေမိပါတော့သည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၃၅ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၃၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment