သို့သော် ကျွန်တော် စဉ်းစားမိသည်က အသရေတင့်စေသူတိုင်းက အခြေမြှင့်သူ မဟုတ်ဟု ထင်ပါသည်။ ကိုယ့်မြို့၊ ကိုယ့်နယ်ကို လျှပ်စစ်မီးတွေ လင်းလာအောင်၊ ဆည်မြောင်းတာတမံတွေ ဖြစ်လာအောင်၊ ကျောင်းတွေပွင့်လာအောင်၊ ဆေးရုံကြီးတွေ ပေါ်လာအောင် လုပ်ခဲ့သူများမှာ မြို့ကို အခြေမြှင့်ပေးခဲ့သော သူများဟု ဆိုချင်ပါသည်။
ကျွန်တော်တို့သည် ထိုကဲ့သို့ မြို့ကို အသရေတင့်စေသူများ၏ အတ္ထုပ္ပတ္တိကို စူးစမ်းရှာဖွေပြီး မှတ်တမ်းတင်ကြသည်။ စာတမ်းပြုစုကြသည်။ ရိုက်နှိပ်ထုတ်ဝေကြသည်။ မြို့ကြီး၏ အခြေကို မြှင့်ပေးခဲ့သူများ အကြောင်းကိုမူကား မည်မည်ရရ ပြောဆိုခြင်း မရှိ။ ဤအချက်မှာ မတရားဟု (ကျွန်တော့်စိတ်တွင်) တွေးနေမိသည်မှာ မကြာခဏဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများကလည်း ဖြစ်ရပ်၊ လုပ်ရပ် သမိုင်းမှတ်တမ်းတင်သည့် အလေ့အထ အလွန်နည်းပါးလေတော့ ထိုကဲ့သို့ အခြေမြှင့်ပေးခဲ့သူများကို အလွန် အားနာဖို့ ကောင်းသည်ဟု အောက်မေ့မိသည်မှာလည်း မကြာခဏ ဖြစ်ပါသည်။
အောင်သင်း
အသရေတင့်စေသူနှင့် အခြေမြင့်စေသူ
ကျိုက်လတ်မြို့နယ် မဂ္ဂဇင်း၊ ၁၉၉၄။
No comments:
Post a Comment