ဘာမှ မေးမြန်းစစ်ဆေးခြင်းမရှိဘဲ လက်ခံသော အကြံပြုချက်များသည် လူတစ်ဦးချင်းစီအပေါ်တွင် မယုံကြည်နိုင်လောက်အောင်ပင် အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရပါသည်။ အရှေ့တိုင်းမှ ဓာတုဗေဒပါမောက္ခတစ်ဦးသည် အောက်ပါစမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ သူ့လက်ထဲတွင် "ဗိုင်အိုလက်ရေမွှေး" ဟု အမည်တပ်ထားသော ပုလင်းတစ်လုံးကို ကိုင်ထားပါသည်။ ထိုရေမွှေးနံ့ကို ရသည်နှင့်တစ်ပြိုင်နက် လက်ထောင်ရန် ပါမောက္ခက ကျောင်းသားများအား ပြောထားပါသည်။ နောက်ထပ် ၁၅ စက္ကန့်ကြာသောအခါ ပါမောက္ခက ရေမွှေးပုလင်းအဖုံးကို ဖွင့်လိုက်ပါသည်။ ရှေ့ဆုံးတန်းမှ ကျောင်းသားအားလုံး၏ လက်များ မြောက်တက်လာကြပါသည်။ နောက်ထပ် စက္ကန့် ၃၀ ခန့်အကြာတွင် တစ်တန်းလုံး၏ လေးပုံသုံးပုံခန့်သည် ရေမွှေးနံ့ရကြောင်း လက်များ ထောင်ပြကြပါသည်။
ထိုပုလင်းတွင် တံဆိပ်သာ ကပ်ထားသော်လည်း အထဲတွင် ရေမွှေး မပါ,ပါ။ ရေသာ ပါ,ပါသည်။
Sunshine
No comments:
Post a Comment