မောင်န၏ ရာဇ၀င်ချုပ်
ညိုညိုမဲမဲ ပြောင်ပြဲပြဲ
အသဲ ဘာကြောင့်ရောင်ရတယ်။
တိမ်တိမ်ကောကော ဒိုက်မမျော
သွေးကြောပိတ်လို့ ရောင်ရတယ်။
တိမ်တိမ်ကောကော ဒိုက်မမျော
သွေးကြောဘာကြောင့် ပိတ်ရတယ်။
အမြှုပ်စီစီ နောက်မကြည်
သွေးရည်ပုပ်လို့ ပိတ်ရတယ်။
အမြှုပ်စီစီ နောက်မကြည်
သွေးရည်ဘာကြောင့် ပုပ်ရတယ်။
လူမျိုးပျောက်အောင် စွမ်းအားဆောင်
ပိုးကောင်ဝင်လို့ ပုပ်ရတယ်။
လူမျိုးပျောက်အောင် စွမ်းအားဆောင်
လူမိုက်မောင်န မိုက်မှောင်ည
ကမြင်းထလို့ ၀င်ရတယ်။
မောင်န၏ သားငယ်ဒုက္ခ
မပြုံးမရယ် မာအယ်အယ်
သူငယ်ဘာကြောင့် ငိုရတယ်။
ဖျားတာနာတာ လွန်ချူချာ
ရောဂါပွေလို့ ငိုရတယ်။
ဖျားတာနာတာ လွန်ချူချာ
ရောဂါဘာကြောင့် ပွေရတယ်။
မွေးသည့်ဦးဖ ဦးမောင်န
ကမြင်းထလို့ ပွေရတယ်။
No comments:
Post a Comment