Thursday, July 01, 2010

ဓမ္မပဒဂါထာ (၃၃)

ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။

စိတ်ဖြောင့်မှ ပညာရှိ
အာရုံတွေ့တိုင်း
တုန်လှုပ်တတ်တဲ့စိတ်၊
အာရုံတစ်ခုတည်းမှာ
မရပ်တည်နိုင်ဘဲ
လျှပ်ပေါ်လော်လည်တဲ့စိတ်၊
အာရုံမှန်မှာ အမြဲနေအောင်
စောင့်ရှောက်နိုင်ခဲတဲ့စိတ်၊
ဆန့်ကျင်ဘက်အာရုံဆီ
မသွားအောင်
တားမြစ်နိုင်ခဲတဲ့စိတ်၊
ဒီစိတ်ကို
ပညာအနှစ် အသိစစ်ရှိတဲ့ပုဂ္ဂိုလ်ဟာ
အမြဲတမ်း
ဖြောင့်နေအောင် ပြုလုပ်ပါတယ်။
မြားလုပ်သမားဟာ
ကောက်နေတဲ့မြားကို
ဖြောင့်အောင် ပြုလုပ်သလိုပါပဲ။

No comments:

Post a Comment