ချာတူးအဖြစ် များနေတာ
တို့မြန်မာတွေ ချာတူးအဖြစ်များနေတာက မိန်းမတွေက အလုပ်များများ လုပ်နေရလို့ မွေးဖွားတဲ့ကလေးတွေကျတော့ ညံ့ညံ့နေတာ။ မိန်းမတွေက ယောက်ျားတွေထက် အလုပ်တစ်ဝက်လောက် လျှော့လုပ်ဖို့ကောင်းတယ်။ ကလေးတွေကို သေသေချာချာ ပြုစုပြီးနေဖို့ ကောင်းတယ်။
ကိုယ် နှုတ်ကို ကျက်သရေရှိကြပါစေ
ပေးကမ်းစွန့်ကြဲရမယ့်နေရာမှာ လက်က မတွန့်ကြပါနဲ့။ အလှူခံရမယ့်နေရာမှာ လက်က တွန့်ချင်တွန့်ပါစေ။ စကားပြောရင် မုသားမပါပါစေနဲ့။ အကျိုးမရှိ မဟုတ်တဲ့စကားတွေ မပြောမိကြပါစေနဲ့။ သစ္စာဆိုတဲ့နေရာမှာ ဘုရားအလောင်း ငုံးမင်းဘ၀က သိပ်ယုံကြည်စရာပဲ။ ကိုယ်,နှုတ်ကို ကျက်သရေရှိကြပါစေ။ စိတ်ထဲက မကောင်းတာဖြစ်မိရင် အပြင်မထွက်ကြပါနဲ့။
ကူပေးမှ
လူတစ်ယောက်ဆိုတာ ကံချည်းလည်း မယုံရဘူး။ ကံတစ်ခုတည်း ပစ်မထားရဘူး။ ဉာဏ် ၀ီရိယကလည်း ကူပေးမှ သင့်ပါတယ်။
သတိရှိမှ
မကောင်းတဲ့အာရုံများကတော့ အလကားနေရင်း ပေါ်တယ်။ ကောင်းအာရုံများကတော့ သတိရှိမှ ပေါ်တယ်။ သတိဆိုတာ ပိုတယ်မရှိ၊ လိုတယ်သာ ရှိတယ်။
ဒီသုံးချက်နဲ့ ပြည့်စုံရင်
လူတစ်ယောက် ကြီးပွားတယ်ဆိုတာကလည်း
၁။ အရာရာမှာ စဉ်းစားဉာဏ်ရှိရမယ်၊
၂။ ရှေးဘုန်း ရှေးကံ ရှိရမယ်၊
၃။ ရဲရင့်တဲ့သတ္တိ ရှိရမယ်၊
ဒီသုံးချက်နဲ့ပြည့်စုံရင် ကြီးပွားတာပဲ။
မှားနေတယ်
ဘုရားပွဲ၊ ဘုရားပူဇော်ပွဲဆိုတာ စာထဲမှာတော့ ဘုရားဂုဏ်တော်တွေကို သီဆိုရွတ်ဖတ်ပြီး ကြေးစည်ခေါင်းလောင်းစတဲ့ သဒ္ဒ (အသံ) အလှူကို လှူကြတယ်။ မီးပူဇော်ကြတယ်။ တို့မြန်မာနိုင်ငံ ရောက်လာတော့မှ ပုဂံခေတ်က နတ်၊ အရည်းကြီးတို့ကို ကိုးကွယ်မှု ရောလာပြီး ကြက်ကောင်လုံး၊ ၀က်ကောင်လုံးတွေ၊ အငြိမ့်၊ ဇာတ်၊ လူပြက် ပြက်လုံးတွေနဲ့ ပူဇော်လာကြတယ်။ ဒါ မှားနေတာပဲ။
No comments:
Post a Comment