- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ဒီပုံပြင်လေးကပေးချင်တဲ့ message ကို ဆရာအောင်ထွန်းသက်က ဘယ်လိုရှင်းပြထားသလဲဆိုရင်.....
ဖေဖေက အကောင်းမြင်ဝါဒကို နှစ်သက်တယ်။ အရာရာကို အကောင်းပဲမြင်စေချင်တယ်။ ကြည့်စေချင်တယ်။ လောကမှာ အမှားအယွင်း လုံးဝမရှိတဲ့သူဟာ ဘာမှမလုပ်တဲ့သူသာ ဖြစ်ပါတယ်။ လုပ်ရင်တော့ မှားမှာပဲ။ ဒါကို အမှားလို့ မယူဆဘဲ သင်ခန်းစာရတယ်လို့သာ မြင်ဖို့လိုအပ်တာပါ။ တချို့တွေက သိပ်ပြီး စိတ်ပူတတ်ကြတယ်။ မကောင်းတာတွေ အာရုံပြုပြီး ကြောင့်ကြကြတယ်။ တကယ်တော့ ကိုယ်စိတ်ပူနေတာတွေရဲ့ ၈၀ ရာခိုင်နှုန်းက ဘယ်တော့မှ ဖြစ်မလာတာ တွေ့ရပါတယ်။ ဖေဖေက အဆိုးမြင်ဝါဒကို ရှောင်စေချင်တာပါ။ ဒါကြောင့် ပရိသတ်တွေကို ဖေဖေကြားဖူးတဲ့ ပုံပြင်တစ်ခုကို ပြောပြမိတယ်။
(အပေါ်က ပုံပြင်ပါ)
အင်မတန်မှ ၀မ်းနည်းစရာကောင်းပါတယ်။ လင်းယုန်အစစ်ဖြစ်ရဲ့နဲ့ ကိုယ့်ရဲ့အကြောင်းကို မသိဘဲ သူများပြောသလို နေထိုင်မိတာ။ ဖေဖေက သမီးကို ဒီလိုမဖြစ်စေချင်ဘူး။ ကိုယ်ဟာ လင်းယုန်လို့ အမြဲမြင်စေချင်တယ်။ တွေးစေချင်ပါတယ်။
No comments:
Post a Comment