ဒီအပတ်ထုတ် The VOICE ဂျာနယ် အတွဲ-၆၊ အမှတ်-၃၄ မှာ ဖော်ပြထားတဲ့ အယ်ဒီတာ့အာဘော်ဟာ ယခင် အတွဲ-၆၊ အမှတ်-၂၈ မှာ ဖော်ပြပါရှိပြီးသား ဖြစ်ပါတယ်။ အဲဒီအကြောင်းအရာကို အခုအချိန်မှာ ထပ်ပြောဖို့လိုတာမို့ ထပ်ပြောတယ်ဆိုရင်လည်း နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် နားမလည်တာက ယခင်ဖော်ပြထားတဲ့ အယ်ဒီတာ့အာဘော်ရဲ့ အောက်ဆုံးမှာ ရေးထားတဲ့ရက်စွဲ (၁၇-၅-၂၀၁၀) ဆိုတာနဲ့ ဒီအပတ်ထုတ်ဂျာနယ်မှာပါတဲ့ အယ်ဒီတာ့အာဘော်မှာ ရေးထားတဲ့ (၅-၇-၂၀၁၀) ဆိုတာ ဘယ်လိုများ ကွာခြားသလဲလို့ သိချင်နေမိပြန်တယ်။ ရက်စွဲမတူညီဘဲ နှစ်လခန့်လောက်ခြားပြီး ရေးထားတဲ့ အယ်ဒီတာ့အာဘော်နှစ်ခုက တစ်ထပ်တည်းနီးပါး ဖြစ်နေတာကလည်း အံ့သြစရာပါပဲ။ စကားလုံးတွေကအစ "သည်၊ ၏" မရွေး တူနေလေတော့ ဘယ်လိုလုပ်ပြီး မအံ့သြဘဲ နေနိုင်မလဲဗျာ။
သြော်.. မတူတာမရှိဘူးလားဆိုတော့ ရှိတော့ရှိပါတယ်။ ယခင်အယ်ဒီတာ့အာဘော်မှာ ပါခဲ့ပေမယ့် ဒီအပတ်ထုတ် အယ်ဒီတာ့အာဘော်မှာ မပါတာကတော့ "နာမည်ကျော် ဒီမိုကရေစီခေါင်းဆောင်များ၊ နာမည်ကျော် သတင်းစာဆရာများပင်လျှင် ပညာရှိသတိဖြစ်ခဲ ဆိုသကဲ့သို့ သတိလက်လွတ်ဖြစ်ကာ လာရင်းကိစ္စကို ဘေးချိတ်၍ စကားလုံးများနှင့် အပြစ်ပေးသောအလုပ်ကို လုပ်ခဲ့ကြသည်ကို ၀မ်းနည်းဖွယ် တွေ့ခဲ့ရပေသည်။" ဆိုတဲ့ စာသားတွေပါပဲ။ အဲဒီတစ်ကြောင်းကလွဲရင် ကျန်အကြောင်းအရာ၊ စာသားများအားလုံး တူညီနေကြောင်းပါ။
ပြောဖို့လိုအပ်နေချိန်မို့ ထပ်ပြောရတယ်လို့ပဲ သဘောထားပါတယ်။ ဒါပေမယ့် စာလေးတစ်ကြောင်းလောက်ဖြုတ်ပြီး ရက်စွဲအသစ် ပြန်ထည့်တာကိုတော့ စဉ်းစားရနည်းနည်းခက်ပါတယ်။
ယခင်အယ်ဒီတာ့အာဘော်အဟောင်းကို ဒီနေရာမှာ ပြန်ဖတ်နိုင်ပါတယ်။
No comments:
Post a Comment