Tuesday, August 03, 2010

ဓမ္မပဒဂါထာ (၃၄)

ဝါရိဇောဝ တလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။
ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

ငါးနှင့်တူသောစိတ်
ရေမှာမွေးပြီး ရေမှာကြီးတဲ့ ငါးကို
ရေဆိုတဲ့ သူ့နေရာ သူ့အိမ်ကနေ
ထုတ်ဆယ်ပြီး
ကုန်းပေါ်ချထားလိုက်မယ်ဆိုရင်
အဲဒီငါး တဖျပ်ဖျပ် တုန်လှုပ်ပါတယ်။
အဲဒီလိုပါပဲ၊ ကာမဂုဏ်အာရုံတွေမှာပဲ
အမြဲမွေ့လျော်ပျော်ပိုက်နေတဲ့ ဒီစိတ်ကို
ကမ္မဋ္ဌာန်းအာရုံတစ်ခုခုမှာ
ချထားလိုက်မယ်ဆိုရင်လည်း
အဲဒီစိတ် မနေနိုင်မထိုင်နိုင်အောင်
တုန်လှုပ်တော့တာပါပဲ။
ဘယ်လိုပဲ တုန်လှုပ်တုန်လှုပ်
ပညာအနှစ် အသိစစ်ရှိတဲ့ပုဂ္ဂိုလ်ဟာ
စိတ်ကို တုန်လှုပ်စေတတ်တဲ့ ကိလေသာ၊
မာရ်မင်းတည်ထားတဲ့ ကိလေသာကို
မရ,ရအောင် ပယ်သတ်ပြီး ကိုယ့်စိတ်ကိုယ်
မြားလိုဖြောင့်အောင် ပြုလုပ်ရပါမယ်။

No comments:

Post a Comment