Saturday, August 07, 2010

ဓမ္မပဒဂါထာ (၃၇)

ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမိဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။

ဘ၀လွတ်ချင်ရင် စိတ်မလွတ်နဲ့
အဝေးကအာရုံကို
လှမ်းယူသောအားဖြင့်
အဝေးကို သွားတတ်တဲ့စိတ်၊
တစ်ချိန်မှာ တစ်ခုပဲ
ဖြစ်သောအားဖြင့်
တစ်ကိုယ်တည်း လှည့်လည်တတ်တဲ့စိတ်၊
ပုံသဏ္ဌာန်အထည်ကိုယ် မရှိတဲ့စိတ်၊
နှလုံးသားလိုဏ်ဂူမှာ ကိန်းအောင်းတဲ့စိတ်၊
ဒီစိတ်ကို
မပျံ့လွင့်အောင်
စောင့်စည်းနိုင်တဲ့သူတွေဟာ
မာရ်မင်းရဲ့
အနှောင်အဖွဲ့ဖြစ်တဲ့
သံသရာဝဋ်ဆင်းရဲကနေ
အပြီးတိုင်
လွတ်မြောက်နိုင်ကြပါလိမ့်မယ်။

No comments:

Post a Comment